အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တွေ့ဆုံမည်

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တွေ့ဆုံမည်
by -
စိုးသူအောင်
ညီညွတ်သောတုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC )မှ နုုိင်ငံရေးဆုုိင်ရာ ညှိနှိုင်းဆွေးနွေးရေး ကုုိယ်စားလှယ်အဖွဲ့ (DPN) ခေါင်းေ်ဆာင်များ ဇူလုုိင်လ ၁၉  ရက်က ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ Khumphucome ဟုုိတယ်တွင် အစည်းအဝေး ကျင်းပစဉ်။ (ဓာတ်ပုံ- ဖနိဒါ)
ညီညွတ်သောတုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC )မှ နုုိင်ငံရေးဆုုိင်ရာ ညှိနှိုင်းဆွေးနွေးရေး ကုုိယ်စားလှယ်အဖွဲ့ (DPN) ခေါင်းေ်ဆာင်များ ဇူလုုိင်လ ၁၉ ရက်က ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ Khumphucome ဟုုိတယ်တွင် အစည်းအဝေး ကျင်းပစဉ်။ (ဓာတ်ပုံ- ဖနိဒါ)
တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးနိုင်ရေးကိစ္စနှင့်ပက်သက်ပြီး မပြေလည်သေးသော အချက် ၄ချက် ဆွေးနွေးရန်အတွက် အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ္တမအကြိမ် အစည်းအဝေးတွေ့ဆုံ ဆွေးနွေးပွဲကို လာမည့် အောက်တိုဘာလ ၂၃ ရက်နှင့် ၂၄ ရက် တို့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်မည် ဟု UNFC စည်းရုံးရေးနှင့် သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခြင်း ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဖွဲ့စည်းထားခြင်း ဖြစ်သည်။

UNFC ၏ အဆိုပြုချက် ၈ ချက်အပေါ် DPN နှင့် PC တို့အကြား ညှိနှိုင်းဆွေးနွေးသည်မှာ ရ ကြိမ် ရှိပြီ ဖြစ် သော်လည်း အပြီးသတ် သဘောတူညီမှု မရရှိသေးသည်မှာ ၁၅ လ ကြာခဲ့ပြီ ဖြစ်သည်။

DPN ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကတော့ “ ကျွန်တော်တို့ အဆိုပြုချက် ၈ ချက်ကလည်း ပြန်ပြီး စီစစ်လိုက်ရင် NCA ဘောင်ထဲက စကားလုံးတွေပဲ။ ဒါပေမယ့် ပိုမိုခိုင်မာအောင် ပိုမိုတိကျအောင် ဆိုတဲ့ စကားလုံးပဲ ထပ်ထည့်ထားတာ” ဟု ပြောဆိုသည်။

အစိုးရနှင့် DPN အနေဖြင့် အဆိုပြုချက် ၈ ချက်အနက် ၄ ချက်ကို မူအားဖြင့် သဘောတူညီချက်ရရှိထားပြီး ကျန်ရှိသော ၄ ချက်ကို အပြီးသတ်ညှိနှိုင်းဆွေးနွေး အဖြေရှာသွားနိုင်လိမ့်မည်ဟု ယူဆကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ယခု (၇) ကြိမ်မြောက် တွေ့ဆုံမှုသည် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ် အပါအဝင် ကိုယ်စားလှယ် စုုစုုပေါင်း (၆) ဦးနှင့် နည်းပညာအထောက် အကူပြုအဖွဲ့ ၊ ရုံးအဖွဲ့ဝင်များ တက်ရောက်သွားကြမည်ဖြစ်ကြောင်း UNFC ဘက်မှ ထုတ်ပြန်ထားသည်။

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် NCA လက်မှတ် မရေးထိုးသေးသည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...