ရခိုင်ပြည်နယ်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကျပ်သိန်းပေါင်း ၁၆၇၀၀၀ လှူဒါန်း

ရခိုင်ပြည်နယ်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကျပ်သိန်းပေါင်း ၁၆၇၀၀၀ လှူဒါန်း
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အတွက် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၂၂ဦးက ကျပ်သိန်းပေါင်း ၁၆၇၀၀၀ လှူဒါန်းလိုက်သည်။

အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၂၀ရက်က ကျင်းပခဲ့ပြီး UEHRD ၏ ဥက္ကဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ကမ္ဘောဇကုမ္ပဏီမှ ဦးအောင်ကိုဝင်းက အများဆုံးအဖြစ် ကျပ်သိန်း ၃၀၀၀၀၊ MBCCD၊ စေပိုင်ကုမ္ပဏီမှ ဦးမောင်ဝိတ်က ကျပ်သိန်းပေါင်း ၁၅၀၀၀၊ Max Group of Companies မှ ဦးဇော်ဇော်က ကျပ်သိန်း ၁၀၀၀၀၊ United Amara Bank မှ ဦးနေအောင်က ကျပ်သိန်း ၁၀၀၀၀၊ ဇေကမ္ဘာကုမ္ပဏီမှ ဦးခင်ရွှေက ကျပ်သိန်း ၁၀၀၀၀၊ Eden Group of Companies မှ ဦးချစ်ခိုင်က ကျပ်သိန်း ၁၀၀၀၀၊ တော်ဝင်မိသားစုကုမ္ပဏီမှ ဦးကိုကိုထွေးက ကျပ်သိန်း၁၀၀၀၀၊ Asia World ကုမ္ပဏီမှ ဦးထွန်းမြင့်နိုင်က ကျပ်သိန်း ၁၀၀၀၀၊ ယုဇနကုမ္ပဏီမှ ဦးဌေးမြင့်က ကျပ်သိန်း ၁၀၀၀၀၊ ရွှေသံလွင်ထရေးဒင်းကုမ္ပဏီမှ ဦးကျော်ဝင်းက ကျပ်သိန်း ၁၀၀၀၀ နှင့်စသည့် စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၂ဦးက စုစုပေါင်း ကျပ်သိန်း ၁၆၇၀၀၀ အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းအား အောက်တိုဘာ ၁၅ရက်က နေပြည်တော်ရှိ MICC-1 တွင် ညစာစားပွဲဖြင့် စတင်မိတ်ဆက်ခဲ့ပြီးနောက် ၅ရက်အကြာတွင် ထိုသို့ လာရောက် လှူဒါန်းကြခြင်းလည်း ဖြစ်သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...