စစ်တွေတွင် တတိယမြောက် အထည်ချုပ်စက်ရုံ ဖွင့်လှစ်

စစ်တွေတွင် တတိယမြောက် အထည်ချုပ်စက်ရုံ ဖွင့်လှစ်
ပဋိပက္ခများကြောင့် စက်မှုဇုန်နှင့် စီးပွားရေးဇုန် စီမံကိန်းများ ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည့် ရခိုင်မြောက်ပိုင်းတွင် ပြည်နယ်အစိုးရ၏ ကမကထပြုမှုဖြင့် ရခိုင်တိုင်းရင်းသားပိုင် စက်ရုံ လုပ်ငန်းများကို ယခုနှစ်အတွင်း အကောင်အထည်ဖော်လာကြသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေးမြို့တော် စစ်တွေတွင် အဆိုပါ စက်ရုံလုပ်ငန်းများကို ဖွင့်လှစ်လာ ခြင်းဖြစ်ပြီး ကျန်မြို့နယ်များတွင်မူ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။

ယခုလို စက်ရုံလုပ်ငန်းများ ပေါ်ပေါက်လာခြင်းက ဒီမိုကရေစီအစိုးရလက်ထက် ရ နှစ်တာကာလအတွင်း မတည်ငြိမ်မှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနေသည့် ရခိုင်ပြည်နယ်၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု ပြဿနာကို တစိတ်တဒေသ ဖြေရှင်းနိုင်မည်ဟု စက်ရုံလုပ်ငန်းရှင်များက ဆိုသည်။

“ဒီအထည်ချုပ်စက်ရုံကို ဖွင့်လှစ်တာက ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေအပါအဝင် အမျိုးသားတွေရော အလုပ်ကိုင်တွေ၊ အခွင့်အလမ်းတွေ ရရှိစေဖို့နဲ့ ရခိုင်ပြည်နယ်ပြန်လည် ဖွ့ံဖြိုးတိုးတက်စေဖို့အတွက် အဓိက ရည်ရွယ်ပြီး လုပ်တာပါ။” ဟု GLORIOUS SAW CO,LTD မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စောသိဂီ င်္ထွန်းက RiA သို့ ပြောသည်။

Glorious Saw Co,ltd အနေဖြင့် ခိုင်ပြည်စိုးအမည်ရှိ အထည်ချူပ်စက်ရုံကို ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ဖွင့်လှစ်ခဲ့သည်။

ယင်းမတိုင်မီ စမတ်အထည်ချူပ်စက်ရုံနှင့် ရွှေ့ကျားရက်ကန်းစင်တို့ကိုလည်း ပြည်နယ်အစိုးရ၏ ပံ့ပိုးကူညီမှု တို့ဖြင့် ယခုနှစ် နွေရာသီအတွင်းက ဖွင့်လှစ်ခဲ့ပြီးလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ခိုင်ပြည်စိုး အထည်ချူပ်စက်ရုံအား ဝန်ထမ်းအင်အား ၃၅ ဦးဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများတွင် နေရပ်စွန့်ခွာလာသည့် အမျိုးသမီးများကို ဦးစားပေး အလုပ် ခန့်သွားမည်ဟုလည်း ဒေါ်စောသိဂီ င်္ထွန်းက ပြောသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...