နိုင်ငံရေးအရမဟုတ်ဘဲ လူမှုရေးအရသာ သမ္မတဟောင်းဦးသိန်းစိန်အား တွေ့ဆုံခြင်းဖြစ်ကြောင်း KNU ဆို

နိုင်ငံရေးအရမဟုတ်ဘဲ လူမှုရေးအရသာ သမ္မတဟောင်းဦးသိန်းစိန်အား တွေ့ဆုံခြင်းဖြစ်ကြောင်း KNU ဆို
by -
မဇ္ဈိမ
KNU ခေါင်းဆောင်ပိုင်းများက နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား သူ့၏နေအိမ်၌ ယနေ့ ( အောက်တိုဘာ ၁၆ ရက်နေ့) နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲ၌ "အဓိက ဘာတွေဆွေးနွေးဖြစ်ခဲ့သလဲ" ဆိုသည့် မေးခွန်းကို ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်အား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း  "တစ်ယောက်ကို တစ်ယောက် မေတ္တာမပျက်ဘူး။ အခင်အမင်မပျက်ဘူး လာပြီးတော့ မိတ်ဝတ်မပျက်နှုတ်ဆက်တာ ၊ သာမန်လူမှုရေးအရ လာနှုတ်ဆက်တာ ဘာ နိုင်ငံရေးမှ မပါဘူး" ဟု ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသား အစည်းအရုံး (KNU)အဖွဲ့အစည်း အတွင်း ပြန်လည်သုံးသပ်မှုများရှိနေသည့် အပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိသည့်အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများက စိုးရိမ်ပူပန်နေသည့် အနေအထားများ ရှိနေသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဖဒိုမန်းငြိမ်းမောင်က ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် "NCA မှာ အားသာချက် အားနည်းချက်တွေကို ပြန်လည်သုံးသပ်တယ်။ ရှေ့ခရီးကို ဘယ်လိုအကောင်းဆုံးသွားနိုင်မလဲ ဆိုတာကို အပြုသဘောနဲ့ ချဉ်းကပ်ပါတယ် သုံးသပ်ပါတယ် " ဟု ဆိုသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်ပိုင်းများတွေ့ဆုံရာတွင် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ၊ ဒုဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်း အပါအဝင် KNU ခေါင်းဆောင်ပိုင်းများ ပါ၀င်ခဲ့ပြီး ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဖြစ်စဉ်များကို ခေါင်းဆောင်ခဲ့သည့် ၀န်ကြီးဟောင်း ဦးအောင်မင်းလည်း ပါ၀င်ခဲ့သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...