ရခိုင်ပြည်နယ်အရေး အဓိက ကဏ္ဍ ၃ ခု လုပ်ဆောင်မည့် စီမံကိန်းဝက်ဘ်ဆိုက် စတင်

ရခိုင်ပြည်နယ်အရေး အဓိက ကဏ္ဍ ၃ ခု လုပ်ဆောင်မည့် စီမံကိန်းဝက်ဘ်ဆိုက် စတင်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အရေး အဓိကကဏ္ဍ ၃ ခုကို တာဝန်ယူလုပ်ဆောင်မည့် “ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာ မှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” အမည်ရှိ အင်တာနက် စာမျက်နှာ Website စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ၏ အင်တာနက် စာမျက်နှာ ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

အင်တာနက် လိပ်စာမှာ http://rakhine.unionenterprise.org/ ဖြစ်ကာ Donation ပြုလုပ်လိုသူများ ဆက်သွယ်လှူဒါန်းနိုင်မည့် ဘဏ်စာရင်းများကိုလည်း ဖော်ပြထားပြီး ရခိုင်ပြည်နယ်အတွက် အဓိက လုပ်ငန်းစဉ်ကြီး (၃) ခုကို ဆောင်ရွက်သွားမည် ဖြစ်သည်။

လုပ်ငန်းစဉ် (၁) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး။လုပ်ငန်းစဉ် (၂) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး။ လုပ်ငန်းစဉ် (၃) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေးတို့ကို အဓိကထားဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းတွင် အစိုးရနှင့်အတူ ပြည်တွင်း/ပြည်ပနိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ/အလွှာစုံ ပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။

ဤစီမံကိန်းတွင် ပြည်သူပြည်သားများ၊ ပြည်တွင်း NGO များနှင့် CSO များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးရန် ကမ်းလှမ်းထားသည့် နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ World Bank နှင့် ADB ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ Nippon Foundation ကဲ့သို့သော INGO အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြံုရေးကောင်စီက Arria-Formula အစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်က UN တွင် ပြုလုပ်ခဲ့ပြီး ကိုဖီအာနန်က “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အကြံပေးကော်မရှင်ရဲ့ ရီပို့ကို လက်ခံပြီး ၀န်ကြီးအဆင့် ကော်မတီဖွဲ့စည်းကာ ပြီးမြောက်အောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါတယ်။ လူသားချင်းစာနာထောက်ပံ့မှုတွေ၊ NGO တွေနဲ့ မြန်မာအစိုးရတို့ အတူလက်တွဲပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သေးသည်။

ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ရခိုင်ပြည်နယ်အရေး Report တစ်ခု မြန်မာအစိုးရသို့ တင်သွင်းထားပြီး ဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...