UNFC အဖွဲ့ အပစ်ရပ်လက်မှတ် (NCA) ရေးထိုးခြင်း ၂ နှစ်ပြည့်ပွဲတတ်ရန် တရားဝင်ဆုံးဖြတ်ချက်မချရသေး

UNFC အဖွဲ့ အပစ်ရပ်လက်မှတ် (NCA) ရေးထိုးခြင်း ၂ နှစ်ပြည့်ပွဲတတ်ရန် တရားဝင်ဆုံးဖြတ်ချက်မချရသေး
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့်အခမ်းအနားသို့ တတ်ရောက်ရန် ညီညွှတ် သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များသို့ အစိုးရဘက်မှဖိတ်ကြားထားသော်လည်း ၄င်းတို့အနေဖြင့် တတ်ရောက် ရန် တရားဝင်ဆုံးဖြတ်ချက်မချရသေး ကြောင်း UNFC ဗဟိုကော်မတီဝင် ဦးထွန်းဇော်ကပြောသည်။

ညီညွှတ် သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့်ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

“ လောလောဆယ်အထိတော့ တရားဝင်ဆုံးဖြတ်ချက်မချရသေးဘူးဗျ ။ UNFC ရဲ့ဗဟိုအလုပ်မှုဆောင်ကော် မတီထဲမှာဆွေးနွေးရပါဦးမယ် “ဟု ဦးထွန်းဇော်ကပြောသည်။

အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ UNFC သို့ အောက်တိုဘာ ၁၁ ရက်နေ့ညပိုင်းက ဖိတ်စာပေး ပို့ခဲ့ခြင်းဖြစ် ပြီး လက်ရှိတွင်အဆိုပါဖိတ်စာကို သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့များထံပြန်လည်ပေးပို့ထားကြောင်းလည်း ၄င်းကဆက်လက်ပြောဆိုသည်။

NCA လက်မှတ်ရေးထိုးခြင်း၂ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့  နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ၁ တွင် ကျင်းပမည်ဖြစ် ပြီး အစိုးရနှင့် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့က ပူးပေါင်းစီစဉ် ခြင်းလည်းဖြစ်သည်။

အဆိုပါ အခမ်းအနားကို တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အချို့အပါအဝင် NCA လက်မှတ်မထိုးရသေး သည့် ညီညွှတ် သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကိုပါဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

UNFC အဖွဲ့ဝင်များသည် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော်လည်း တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှု နည်းပါးသောအဖွဲ့များ လည်းဖြစ်သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...