ရခိုင်ကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်ပြောင်းလဲမည်မဟုတ်ကြောင်း ဂျပန်သံအမတ်ကြီးပြော

ရခိုင်ကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်ပြောင်းလဲမည်မဟုတ်ကြောင်း ဂျပန်သံအမတ်ကြီးပြော
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်နှင့်ပက်သက်ပြီး နိုင်ငံတကာတွင် ဝေဖန်ခံနေရသော်လည်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို ရပ်တည်ချက်မပြောင်းလဲဘဲ ဆက်လက်ကူညီ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဂျပန်သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI ကပြောဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နှင့် ဂျပန်သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI တို့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂျပန်သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နားလည်ကြောင်းနှင့် မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်၏ လုံခြုံရေးဆိုင်ရာများကို အပြုသဘော ဖြင့် လုပ်ဆောင်နေသည်ကို   ထောက်ခံကြောင်းပြောဆိုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လူမျိုးတုံး သတ်ဖြတ်မှုလည်း လုံးဝမရှိကြောင်းငြင်းဆိုခဲ့ပြီး နေရပ်ရှောင်ရခိုင်လူမျိုးများ၊ ဒေသခံတိုင်းရင်း သားများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဘင်္ဂါလီများကိုပါ ထောက်ပံ့မှုများ၊ ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေသည်ဟု ပြောဆိုခဲ့ကြောင်း အစိုးရဘက်မှသတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွား သူများကိုလည်း ၁၉၉၃ ခုနှစ်တွင် နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီချက်များအရ ပြန်လည် လက်ခံသွား ရန်ရှိပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာ ရန်လိုအပ်သည်ဟု တပ်ချုပ်ကပြောကြောင်း အစိုးရသတင်းထုတ်ပြန်ချက်အရသိရသည်။

သို့သော် နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော သတင်းအချက် အလက် များအပေါ်မူတည်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်အရေး ကိစ္စအား ဆွေးနွေးရန် လုပ်ဆောင်နေသည်။

ထို့ကြောင့် အချို့ အချက် အလက်များသည် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ အမှန်တကယ်လုပ်ဆောင်မှု များနှင့် လွဲမှားနေသဖြင့် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်ပတ်သက်၍ အခြေအနေမှန် များကို ကမ္ဘာကသိရှိအောင် လုပ်ဆောင် ရန်လိုကြောင်း  ဂျပန်သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI အကြံပြုပြောဆိုခဲ့သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...