တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်သို့သွားရောက်

တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်သို့သွားရောက်
by -
စိုးသူအောင်
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဒေသခံများအားတွေ့ဆုံရန် UNA အဖွဲ့ ရန်ကုန် လေဆိပ်မှ စစ်တွေ သို့ ထွက်ခွာ။ ဓာတ်ပုံ-United Nationalities Alliance
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဒေသခံများအားတွေ့ဆုံရန် UNA အဖွဲ့ ရန်ကုန် လေဆိပ်မှ စစ်တွေ သို့ ထွက်ခွာ။ ဓာတ်ပုံ-United Nationalities Alliance
အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မောင်တောဒေသခံများကို အားပေးနှစ်သိမ့်ရန် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် “ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၂ ရက်) မှစတင်ကာ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးဂင့်ကမ်းလျန်ကပြောသည်။

အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် မောင်တောဒေသသို့အဓိကသွားရောက်ပြီး ရခိုင်ဒေသခံများကို သွားရောက်အားပေးမည်ဖြစ်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်းသိရသည်။

“ သွားတာကတော့ ရခိုင်ပြည်မှာဖြစ်တာကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့မယ်။ ဟိုမှာ ဒုက္ခရောက်နေတဲ့လူထုတွေကိုအားပေးနှစ်သိမ့်ဖို့ ဒါအဓိကထား သွားတာပါ။ နှစ်ရက် သုံးရက်တော့ကြာမှာပဲ။ အဓိကတော့ မောင်တောပဲအဓိကဦးတည်သွားမှာဖြစ်ပါတယ် “ဟုဦးဂင့်ကမ်းလျန်ကဆိုသည်။

လတ်တလောတွင် အားပေးနှစ်သိမ့်ရန်နှင့် လေ့လာရန်အတွက်သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်ပြီးဆုံးပါက အစည်းအဝေးထိုင်ကာ မည်ကဲ့သို့ကူညီမည်၊ မည်ကဲ့သို့သဘောထားရှိသည်များကို ထုတ်ပြန်ကြေငြာရန်ရှိကြောင်းလည်းသိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် (ARSA)အဖွဲ့ကို ကို ပြင်းထန်စွာရှုတ်ချကြောင်း UNA က သြဂုတ် ၂၉ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ဖူးသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ခုပါ၀င်သည့် UNA အဖွဲ့တွင် ရခိုင်ဒေသခံပါတီများဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်မျိုးချစ်ပါတီ (APP)၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP) တို့လည်းပါ၀င်နေသည်။

 

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...