သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံး

သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံး
by -
စိုးသူအောင်
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက်ရှာဖွေခွင့်ပေးထားသည့် သတ်မှတ်အချိန်ထိမစောင့်ပဲ ၀င်ရောက်လာသောကြောင့် တာဝန် ကျရဲတပ်ဖွဲ့က ခြောက် လှန့်ပစ်ခတ်စဉ် သေနတ်ကျဉ်ထိမှန်၍ ရေမဆေးကျောက် ရှာဖွေသူတစ်ဦးသေဆုံးသွားသည်ဟု ဖားကန့်မြို့နယ်အခြေစိုက် ကွန်းဖောင်ဒေးရှင်းမှ ဦးဂန္နီကပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက်နေ့ ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ထိမှန်ခဲ့သူကို ဖားကန့်ဆေးရုံသို့ ကွန်းဖောင်ဒေးရှင်းမှ ပို့ဆောင်ပေးခဲ့ကာ အဆိုပါနေ့ ည လယ်ခန့် တွင်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ဆိုသည်။

“ ချောင်ဘရားသားကုမ္မဏီ၊ အဲ့ဒီ့ကုမ္မဏီမှာဖြစ်တာ ၊ တစ်ယောက်ထိတယ်၊ ဒဏ်ရာကတော်တော်ပြင်းတယ်လို့ပြောတယ်။ ဆေးရုံမှာဆေး ကုသမှုခံယူရင်းနဲ့ ဆုံးသွားတယ် “ ဟု ဦးတင့်စိုးကဆိုသည်။

ရေမဆေးကျောက်ရှာဖွေသူများကို ညနေ ၅ နာရီမှစတင်ရှာဖွေခွင့်ပေးထားကြောင်းသိရသည်။

“ ရှာခွင့်ပေးတယ်။ အဲ့ဒီ့အချိန် မစောင့်နိုင်ဘဲသူတို့က အတင်းဝင်တာပေါ့ဗျာ။ အတင်းဝင်တော့ ဟိုကလုံခြံုရေးအရတားတော့ ကတောက်ကဆ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုကြရင်းနဲ့ ခြောက်လှန့်ပစ်ရင်း ထိသွားတယ်လို့ပြောတယ် “ ဟု ကွန်းဖောင်ဒေး ရှင်းမှ ဦးဂန္နီကပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် ချောင်ကုမ္မဏီပိုင်နေရာတွင် ရဲတပ်ဖွဲ့မှ လုံခြံုရေးတာဝန်ယူပေးထားခြင်းဖြစ်ပြီး ရဲအင်အား ၄၊ ၅ ယောက်ခန့်ရှိချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေမဆေးကျောက်ရှာဖွေသူများဘက်မှ အင်အားများသောကြောင့် သေနတ်ဖြင့်ခြောက်လှန့်ပစ်ခြင်းဖြစ်နိုင်ကြောင်း ဦးဂန္နီက ကသုံးသပ်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့အတွင်း ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြံုရေးတပ်ဖွဲ့ဝင်များ ကတောက်ကဆဖြစ်တတ်သည့်အပြင် မြေစာပုံပြိကျမှုများ လည်း မကြာခဏ ဖြစ်ပွားတတ်ပြီး ၂၀၁၄ ခုုနှစ်မှစတင်ကာ မြေစာပုံပြိုကျမှုကြောင့် လူပေါင်းရာချီသေဆုံုးမှု များဖြစ်ပွားခဲ့သည်။

ယခုသေနတ်ထိမှန်သေဆုံးမှုနှင့်ပတ်သက်ပြီး ဖားကန့်မြို့မရဲစခန်းမှ စခန်းမှူး၏လက်ကိုင်ဖုန်းကို မဇ္စျိမက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆိုမရခဲ့ပေ။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...