ARSA မှ ဘူးသီးတောင်မိကျောင်းစျေးကျေးရွာရှိ အိမ်များကို မီးရှို့ဖျက်ဆီးကြောင်း တပ်မတော်ထုတ်ပြန်

ARSA မှ ဘူးသီးတောင်မိကျောင်းစျေးကျေးရွာရှိ အိမ်များကို မီးရှို့ဖျက်ဆီးကြောင်း တပ်မတော်ထုတ်ပြန်
by -
မဇ္ဈိမ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
ဘူးသီးတောင် မိကျောင်းစျေးကျေးရွာရှိ နေအိမ်များကို ARSA အဖွဲ့မှ ယမန်နေ့ အောက်တိုဘာ ၄ရက်နေ့ တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက်နေ့ နံနက် ၂ နာရီ ၄၀မိနစ်ခန့်တွင် မိကျောင်းစျေးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားသဖြင့် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ရွာသူ၊ ရွာသားများက ၀ိုင်းဝန်းငြိှမ်းသတ်မှုကြောင့် နံနက် ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့ရာ မီးရှို့သူမှာ ကျေးရွာနေ အီနု(ဘ) ဦးမာမတ်ဆွေရိန် ဖြစ်ပြီး ၎င်းမှာ ARSA အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ဘင်္ဂါလီများအား တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် လိုက်လံစည်းရုံးလှုံ့ဆော်သူဖြစ်ကြောင်း ယခုအခါတစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် လူနေအိမ် ရ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀ ခန့်) မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးရှို့သူ အီနုအား တောင်ဘဇာရဲစခန်း၌ အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေးအတွက်   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...