ခမောင်းဆိပ် လူအစုလိုက်အပြံုလိုက်သတ်ဖြတ်ခံရမှု အဓိက မျက်မြင်သက်သေ ဟိန္ဒူ အမျိုးသမီး ၈ ဦး ပြန်လည်ရောက်ရှိ

ခမောင်းဆိပ် လူအစုလိုက်အပြံုလိုက်သတ်ဖြတ်ခံရမှု အဓိက မျက်မြင်သက်သေ ဟိန္ဒူ အမျိုးသမီး ၈ ဦး ပြန်လည်ရောက်ရှိ
by -
မဇ္ဈိမ
ARSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်ဟု ဆိုသော ဟိန္ဒူ အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦးကို မြန်မာနိုင်ငံအတွင်းသို့   ပြန်လည်ခေါ်ဆောင်လာနိုင်ပြီဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ယင်းတို့ကို လုံခြံုရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် စက်တင်ဘာလကုန်ပိုင်းနှင့် ယခုလဆန်းပိုင်းတွင် ပြန်လည်ခေါ်ယူနိုင် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

မောင်တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များစတင်ခဲ့သည့် သြဂုတ် လ ၂၅ ရက်နေ့တွင် ARSA အဖွဲ့မှ ခမောင်းဆိပ်ကျေးရွာအုပ်စု ရဲဘောက်ကျရွာတွင် နေထိုင်သည့် ဟိန္ဒူ ဘာသာဝင်များ အစုလိုက်အပြံုလိုက် သတ်ဖြတ်ခဲ့သည်ဟု ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးများက ပြောဆိုခဲ့သည်။

ယင်းအမျိုးသမီး ၈ ဦးကို ARSA မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်း ၌ ရောက်ရှိနေခြင်းဖြစ်သည်။

ပဋိပက္ခဖြစ်စဉ်အတွင်း၌ ရဲဘောက်ကျ ကျေးရွာရှိ ဟိန္ဒူ ဘာသာဝင် ၉၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၄၅ လောင်းအထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။

အဆိုပါ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ARSA အဖွဲ့မှ မည်သို့သော အကြောင်းပြန်ချက်မှထုတ်ပြန်ခြင်း မရှိပေ။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...