ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် DPN တို့ သတ္တမအကြိမ် တရားဝင်တွေ့ဆုံမည့်ရက် ရွှေ့ဆိုင်း

ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် DPN တို့ သတ္တမအကြိမ် တရားဝင်တွေ့ဆုံမည့်ရက် ရွှေ့ဆိုင်း
by -
ဖနိဒါ
အစိုးရ ငြိမ်ချမ်းရေကော်မရှင် (PC)နှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့( DPN)တို့ အောက်တိုဘာ ၁၅ ရက်နေ့နောက်ပိုင်းမှ ရန်ကုန်မြို့တွင် တရားဝင်တွေ့ဆုံရန် ရက်ရွှေ့ဆိုင်းလိုက်သည်။ PC နှင့် DPN တို့ အလွတ်သဘောတွေ့ဆုံစဉ် လာမည့် အောက်တိုဘာလ ၆ ရက်၊ ရ ရက်များတွင် သတ္တမအကြိမ်တရားဝင် တွေ့ဆုံရန် ညှိနှိုင်းခဲ့ရာမှ ရုံးပိတ်ရက်များကြောင့် ထိုနေ့တွင် မတွေ့ဆုံနိုင်ကြောင်း PC ဘက်မှ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် စာရေးအကြောင်းကြားခဲ့သည်ဟု DPN မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ “အကြောင်းပြချက်က ကျနော်တို့ ပြောတဲ့ ရ ရက်နေ့က သတင်းကျွတ် holiday (ရုံးပိတ်ရက်) နဲ့ဆုံသွားလို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ကလည်း ၉ ၊ ၁၀ ၁၁ ကနေ ကျနော်တို့လည်း အလုပ်ရှိလို့ ၁၅ ရက်နေ့နောက်ပိုင်းမှလို့ ပြောလိုက်တယ်”ဟု နိုင်အောင်မပေးက သတင်းထောက်များကို ပြောသည်။ လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ကတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ၂ နှစ်ပြည့် နေ့လည်း ဖြစ်သည်။ အစိုးရက ကျန်ရှိနေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC ) မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း NCA ၂ နှစ်ပြည့်နေ့တွင် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းမည်ဟု ပြောဆိုထားသော်လည်း လက်ရှိ ဆွေးနွေးမှု အခြေအနေအရ မဖြစ်နိုင်သေးကြောင်း နိုင်အောင်မငေးက ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က ပြောဆိုခဲ့သည်။ စက်တင်ဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတုတ္ထအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံစဉ် သတ္တမအကြိမ်မြောက် တရားဝင် တွေ့ဆုံရန် ညှိနှိုင်းခဲ့သလို၊ UNFC ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံလိုကြောင်း DPN ဘက်မှ တင်ပြခဲ့ခြင်း ဖြစ်သည်။
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...