အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အကြိုအတွက် စက်တင်ဘာလ ၂၆ ရက်နေ့တွင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ခြင်းဖြစ်သည်။
"အခု အစွန်းရောက်အကြမ်းဖက် ဖြစ်စဉ်များကြောင့် ရခိုင်ပြည်သူများအတွက် အလှူငွေဆိုပြီးတော့ ပြည်ထောင်စုအဆင့်မှာ သီးသန့်ဖွင့်ထားတယ် ။အဲဒီတော့ကျွန်တော်တို့ဆီမှာ နေ့စဉ်ရရှိတဲ့ဝင်ငွေတွေကို ဒီအကောင့်ထဲကိုထည့်ပြီးပေးတယ် ဒီဟာကနေရပ်စွန့်ခွာ တဲ့ပြည်သူတွေကို ကူညီထောက်ပံ့တဲ့အခါလိုအပ်တဲ့နေရာတွေမှာ သုံးတယ်"ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းရွှေက ရှင်းပြသည်။
ထို့အပြင် နိုင်ငံတကာမှ ထောက်ပံ့ကူညီမှုများလည်း လက်ခံရရှိနေသည်ဟု ဆိုသည်။
"ရခိုင်အရေးမှာဆိုလို့ရှိရင် နိုင်ငံတကာကနေပြီးတော့ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ပေးတယ် ကျွန်တော်တို့လက်မခံလို့မရဘူး ကျွန်တော်တို့ သင်္ဘောနဲ့လာလည်း လက်ခံတယ် လေယာဉ်နဲ့လာလည်းလက်ခံတယ် ဘာကြောင့်လဲဆိုတော့ လူသားချင်းစာနာမှု ဆိုင်ရာအထောက်အပံ့ဖြစ်သည့်အတွက် ကျွန်တော်တို့ကဒီအပေါ်မှမယူလို့မရတာမျိုးပေါ့"ဟု ဦးဝင်းရွှေက ပြောသည်။
နိုင်ငံတကာမှ ၂၀၁၅ခုနှစ်တွင်ပေးလှူထားသည့် အလှူငွေများလက်ရှိအချိန်အထိ ဘဏ်ထဲတွင်ကျန်ရှိနေသေးသည်ဟုလည်း ၄င်းကပြောသည်။
၂၀၁၇ခုနှစ် ဧပြီလ၁ရက်နေ့မှစတင်ကာ ထောက််ပံ့မှုနူန်းထားများကို ယခင်နေအိမ်တစ်လုံးမီးလောင်လျှင် တစ်သိန်းပေးအပ်သည်မှ ယခုနှစ်သိန်း၊ ထိုနည်းတူ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသွားသည့် မိသားစုများအတွက် ယခင်ကတစ်သိန်း လက်ရှိအချိန်၌ သုံးသိန်းထောက်ပံ့နေသည်။
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ထောက်ပံ့ရာတွင် အန္တရာယ်ဖြစ်ပွားရာဒေသမှ လူဦးရေပေါ်မူတည်၍ ထောက်ပ့ံပေးကြောင်း ထပ်လောင်းပြောကြားသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီသည် တစ်နှစ်လျင် ကျပ်ဘီလျံ၂၀ ဘတ်ဂျက်ရရှိနေသည်။







