တပ်မတော်နှင့် အပစ်ရပ်အဖွဲ့များအကြား တိုက်ပွဲများလျှော့ချနိုင်ရန် မြေပြင်တပ်မှူးအချင်းချင်း တွေ့ဆုံပေးသွားမည်ဟုဆို

တပ်မတော်နှင့် အပစ်ရပ်အဖွဲ့များအကြား တိုက်ပွဲများလျှော့ချနိုင်ရန် မြေပြင်တပ်မှူးအချင်းချင်း တွေ့ဆုံပေးသွားမည်ဟုဆို
by -
စိုးသူအောင်
တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ကိုလျော့ချနိုင်ရန် မြေပြင်တပ်မှူးများ အချင်းချင်း တွေ့ဆုံပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း JMCU အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက ပြောဆိုလိုက်သည်။ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) ၁၂ ကြိမ် မြောက် အစည်းအဝေးအပြီး မီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ ကျွန်တော်တို့ TOR  ( လုပ်ငန်းလမ်းညွှန်) တွေက နှစ်လတစ်ခါ၊ သုံးလတစ်ခါ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ကော်မတီထဲမှာ မပါတဲ့ တပ်မှူးတွေရှိကြပါတယ်။ အဲ့ဒီ့နှစ်ဖက်တပ်မှူးတွေ တွေ့ှဆုံနိုင်ဖို့ကိုလည်း လုပ်ဖို့ဆိုပြီးတော့ ချမှတ်ခဲ့တာတွေရတယ် “ ဟု ဒေါက်တာရွှေခါးက ပြောဆိုသည်။ ထို့သို့ တွေ့ဆုံပေးပါက မြေပြင်တပ်မှူးများအကြား အချင်းချင်း ယုံကြည်မှုများရရှိလာပါက မြေပြင်တွင် ထိတွေ့မှုများ လျော့ပါးစေရန်အတွက် ရည်ရွယ်ကြောင်းလည်းသိရသည်။ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCS) အစည်းအဝေးများတွင် ဆွေးနွေးပြီး အဆိုပါကော်မတီ၏ စီစဉ်မှုဖြင့်  မြေပြင်တပ်မှူးများ အချင်းချင်း တွေ့ဆုံနိုင်ရန် စီစဉ်ဖို့ဆွေးနွေးခဲ့ကြောင်းလည်း JMCU အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က ဆိုသည်။ ထို့အပြင် JMC တွင် ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်များကို အောက်ခြေအထိချပြရှင်းလင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကို အကြောင်းကြားထားကြောင်းလည်း ၄င်းက ဆိုသည်။ “ တိုက်ပွဲဖြစ်ပွားတဲ့အပေါ်မှာလည်း ဒီအပေါ်မှာလိုက်နာမှုအားနည်းလို့ ဖြစ်တာလည်းရှိသလို မတော်တဆဖြစ်မှုတွေလည်း ရှိပါတယ် “  ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောဆိုသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် စာချုပ် (NCA) ရေးထိုးထားသည့် အဖွဲ့များအကြားထိတွေ့မှုများကို စောင့်ကြည့် ဖြေရှင်းပေးရန် NCA စာချုပ်အရဖွဲ့စည်းထားခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့နှင့် အစိုးရတို့ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ် သြဂုတ်လ ၁၅ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။   တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ကိုလျော့ချနိုင်ရန် မြေပြင်တပ်မှူးများ အချင်းချင်း တွေ့ဆုံပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း JMCU အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက ပြောဆိုလိုက်သည်။ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) ၁၂ ကြိမ် မြောက် အစည်းအဝေးအပြီး မီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ ကျွန်တော်တို့ TOR  ( လုပ်ငန်းလမ်းညွှန်) တွေက နှစ်လတစ်ခါ၊ သုံးလတစ်ခါ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ကော်မတီထဲမှာ မပါတဲ့ တပ်မှူးတွေရှိကြပါတယ်။ အဲ့ဒီ့နှစ်ဖက်တပ်မှူးတွေ တွေ့ှဆုံနိုင်ဖို့ကိုလည်း လုပ်ဖို့ဆိုပြီးတော့ ချမှတ်ခဲ့တာတွေရတယ် “ ဟု ဒေါက်တာရွှေခါးက ပြောဆိုသည်။ ထို့သို့ တွေ့ဆုံပေးပါက မြေပြင်တပ်မှူးများအကြား အချင်းချင်း ယုံကြည်မှုများရရှိလာပါက မြေပြင်တွင် ထိတွေ့မှုများ လျော့ပါးစေရန်အတွက် ရည်ရွယ်ကြောင်းလည်းသိရသည်။ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCS) အစည်းအဝေးများတွင် ဆွေးနွေးပြီး အဆိုပါကော်မတီ၏ စီစဉ်မှုဖြင့်  မြေပြင်တပ်မှူးများ အချင်းချင်း တွေ့ဆုံနိုင်ရန် စီစဉ်ဖို့ဆွေးနွေးခဲ့ကြောင်းလည်း JMCU အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က ဆိုသည်။ ထို့အပြင် JMC တွင် ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်များကို အောက်ခြေအထိချပြရှင်းလင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကို အကြောင်းကြားထားကြောင်းလည်း ၄င်းက ဆိုသည်။ “ တိုက်ပွဲဖြစ်ပွားတဲ့အပေါ်မှာလည်း ဒီအပေါ်မှာလိုက်နာမှုအားနည်းလို့ ဖြစ်တာလည်းရှိသလို မတော်တဆဖြစ်မှုတွေလည်း ရှိပါတယ် “  ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောဆိုသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် စာချုပ် (NCA) ရေးထိုးထားသည့် အဖွဲ့များအကြားထိတွေ့မှုများကို စောင့်ကြည့် ဖြေရှင်းပေးရန် NCA စာချုပ်အရဖွဲ့စည်းထားခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့နှင့် အစိုးရတို့ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ် သြဂုတ်လ ၁၅ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...