ကြက်ခြေနီလှုပ်ရှားမှု ICRC ထောက်ပံ့ရေးသဘောင်္ ဟန့်တားခံရ၊ ပါဝင်သူ လူ ၈ ဦးကို ထိန်းသိမ်းထား

ကြက်ခြေနီလှုပ်ရှားမှု ICRC ထောက်ပံ့ရေးသဘောင်္ ဟန့်တားခံရ၊ ပါဝင်သူ လူ ၈ ဦးကို ထိန်းသိမ်းထား
by -
မဇ္ဈိမ
စစ်​​တွေမြို့ ဆတ်​ရိုးကျ ဆိပ်​ကမ်​းတွင်​ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အဖွဲ့ သယ်ယူပို့ဆောင်ရေး ထောက်ပံ့ရေးသဘောင်္အား လူစုလူဝေး ဝန်းရံခဲ့ရာ လက်ရှိအချိန်တွင် အခြေအနေ ထိန်းထားနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ည ၁၂ နာရီ ၁၅ ခန့်တွင် ထုတ်ပြန်သည်။

မောင်တောဒေသရှိ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီလှုပ်ရှားမှုဖြင့် ထောက်ပ့ံရေးပစ္စည်းများတင်ဆောင်စဉ် လူစုလူဝေးဖြင့် ဟန့်တားခြင်းခံရခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ လူအုပ်တွင် ပါဝင်သူ ၈ ဦး (စိစစ်ဆဲ) ကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောဒေသ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီ လှုပ်ရှားမှုဖြင့် ကူညီ ထောက်ပ့ံရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော် မတီ(ICRC) အဖွဲ့ သယ်ယူပို့ဆောင်ရေး   ထောကိပံ့ရေးသဘောင်္အား ရပ်နားထားခဲ့သည်။

မွန်းလွဲ၂နာရီတွင် စစ်တွေမြို့ကယ်ဆယ်ရေး ဆတ်ရိုး ကျကယ်ဆယ်ရေးအကွက်(၁) ဘူးသီးတောင်စက်လှေဆိပ်ရှိ ဦးရွှေဦးမောင်နှင်သည့် သော်တာဝင်းစက်လှေအား ငှားရမ်းပြီး ဆိုလာမီးအိမ်(၇၇၄)ခု၊ အမျိုးသမီးသန့်စင်ရေးသုံး (၁၃၀၀)၊ အဝတ်အစား(၆၄၀၇၁)ထည်၊စောင်(၁၃၃၁)ထည်၊ တာပေါ်လင်(၁၂၄၀)၊ ရေပုံး (၁၄၉၄)လုံး၊ ခြင်ထောင်အလုံး(၃၀၀၀)နှင့်မီးဖိုချောင်သုံးပစ္စည်းအထုပ်(၃၀၀) ခန့်မှန်းတန်ချိန် (၅၀)တို့ကို တင်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တင်ဆောင်နေစဉ် လူ၂ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ကြည့်ရှုကြသောကြောင့် အလုပ်သမားများက ICRC ပစ္စည်းများဟု ဖြေကြားခဲ့သည်။ သို့သော် ညနေ ၅နာရီတွင် လူ၅၀ဦးခန့် ရောက်ရှိလာပြီး လူစုလူဝေးဖြင့် ပစ္စည်းများကို ပြန်ချရန်နှင့် လှေမထွက်ရန် ဟန့်တားခဲ့ကြောင်း သိရသည်။

ည ၈ နာရီအချိန်တွင် လာရောက်ကြည့်ရှုသူ အင်အား ၃၀၀ ခန့် စုစည်းမိပြီး ခဲများ၊ မီးရှို့ထားသည့် ဓာတ်ဆီပုလင်းများဖြင့် လူအုပ်ထဲမှ ပစ်ပေါက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် ယင်းလူအုပ်အား ဒိုင်းများဖြင့် တွန်းထုတ်ခြင်း၊ သံဃာတော်များက လူအုပ်စု ရှင်းလင်းခြင်း၊ မီးသတ်ယာဉ်များဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ည ၈ နာရီ ၁၅ မိနစ်တွင် လူအုပ်စုထဲမှ ဂျင်ကလိဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လာခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက (၁၂)ဗို့ ဂရီနာ ၂၀ လက်ဖြင့် ပစ်ဖောက်၍ ရှင်းလင်းခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

စစ်တွေမြို့ရှိ ဒေသစစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် တပ်မတော်သားများ အရန်အဖြစ် ထပ်မံ ရောက်ရှိ လာပြီး လူစုခွဲခဲ့ရာ ည ၁၁ နာရီတွင် လူစုကွဲသွားခဲ့သည်။

ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းထားနိုင်ပြီ ဖြစ်သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...