မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မီလုံခြံုရန် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ထား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မီလုံခြံုရန် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ထား
by -
မင်းမင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအား အဆင့်မီလုံခြံုစွာ အမြန်ဆုံးကာရံရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားပြီး လက်ရှိတွင် နိုင်ငံတော်က ကျပ်ငွေ ၅ဘီလီယံ ဘတ်ဂျက်ချပေးထားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ “အတိုင်ပင််ခံရဲ့ လမ်းညွှန်ချက်က ဘာလည်းဆိုတော့ လက်ရှိခြံစည်းရိုးကို ပိုပြီးတော့ အဆင့်အတန်း မြင့်မားအောင် လုပ်ဖို့၊ အဲ့ဒီအတွက် ကုန်ကျစရိတ်ကိုလည်း ချက်ချင်းဖြည့်ဆည်းပေးဖို့ဆိုပြီး လမ်းညွှန်ထားတာ ရှိတယ်” ဟု ဦးဇော်ဌေးက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် စက်တင်ဘာ ၁၃ရက်၊ ညနေပိုင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရေထွက်ပေါက်များအပါအဝင် ခြံစည်းရိုးကာရံခြင်းအတွက် ဘတ်ဂျက်ငွေ ကျပ် ၅ဘီလီယံ ချပေးထားပြီး ခြံစည်းရိုးအမြင့်ကော၊ ခိုင်မာမှုကိုပါ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဇော်ဌေးက ဆိုသည်။ “ခြံစည်းရိုးနဲ့ပတ်သက်ပြီး ပေါက်တဲ့နေရာတွေ ရှိတယ်။ အဲ့ဒီ ပေါက်တဲ့နေရာတွေအပြင် ပျက်နေတာကလည်း မိုင်တိုင်အမှတ် ၃၀ကနေ ၄၇အထိ သူတို့က တော်တော်လေး ပေါက်နေတာ ရှိတယ်။ အဲ့ဒီအပေါက်ကနေ ထွက်ပြေးနေတာရှိတယ်။ အဲ့ဒါကိုလည်း ဖာတဲ့နေရာ လုပ်နေပြီ” ဟု ၎င်းက ပြောသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို တပ်မတော်အင်ဂျင်နီယာတပ်ရင်းက တာဝန်ယူကာ ပြီးခဲ့သည့် ၂၀၀၉ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...