ARSA အကြမ်းဖက်အုပ်စု နှိမ်နင်းရာမှာ မြန်မာကို စစ်ရေးအကူအညီပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

ARSA အကြမ်းဖက်အုပ်စု နှိမ်နင်းရာမှာ မြန်မာကို စစ်ရေးအကူအညီပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်နေသည့် ARSA အကြမ်းဖက်သမားတွေကို မြန်မာ့တပ်မတော်နဲ့ပူးပေါင်းပြီး တိုက်ခိုက်နှိမ်နင်းပေးလိုတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြု ကမ်းလှမ်းလိုက်သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးတစ်ဦးက ဒါကာမြို့က မြန်မာသံမှူးနှင့် တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အကြမ်းဖက်သမားတွေကို စစ်တပ်ချင်းပူးပေါင်းတိုက်ခိုက်ဖို့ အဆိုပြုကမ်းလှမ်းထားခဲ့သည် ဖြစ်သည်။

" မြန်မာဘက်ကသာ လက်ခံမယ်ဆိုရင် ကျွန်တော်တို့ နှစ်နိုင်ငံ လုံခြံုရေးတပ်တွေအတူ ပူးပေါင်းပြီး ဒီ အကြမ်းဖက် သမားတွေကို တိုက်ခိုက်နိုင်ပါတယ်" လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘင်္ဂါလီ အကြမ်းဖက်သမားတွေအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပြီး မြန်မာလုံခြံုရေးတပ်တွေက ရှင်းလင်း တိုက်ခိုက်နေရပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် ဘင်္ဂါလီ မွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေလျက်ရှိတယ်လို့လည်း AFP က ရေးပါတယ်။

ယခုအချိန်ထိ လူပေါင်း ၃,၀၀၀ ကျော် မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိခဲ့ကြတယ်လို့လည်း ကုလဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ထားသည်။

အလားတူ မြန်မာနဲ့ နယ်စပ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီထောင်ပေါင်းများစွာ ရှိနေကြောင်း၊ ယင်းနယ်စပ်မှာ ဘင်္ဂါလီတွေကို တားဆီးပြီး မူလနေရပ် ပြန်ပို့ဖို့ လုပ်ဆောင်နေရလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားခဲ့သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...