လွိုင်ကော်မှာ လာမယ့်စာသင်နှစ်အတွက် ဆရာ၊ ဆရာမတွေ လိုအပ်နေ

လွိုင်ကော်မှာ လာမယ့်စာသင်နှစ်အတွက် ဆရာ၊ ဆရာမတွေ လိုအပ်နေ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ လာမယ့်စာသင်နှစ်အတွက် သင်ကြားရေး ဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့ ပညာရေးတာဝန်ခံတွေဆီကနေသိရပါတယ်။ 

အရင်နှစ်တွေကတော့ ဆရာမတဦးထဲကနေ ဘာသာရပ် ၂ ခု ဒါမှမဟုတ်  ၃ ခုအထိ ခွဲဝေပြီး သင်ကြားပေးခဲ့ရတယ်လို့ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ ပညာရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေတဲ့ ကယားလီဖုအဖွဲ့က ကျောင်းပညာရေးတာဝန်ခံ တဦးက ပြောပါတယ်။

“ကျောင်းတိုင်းမှာ ဆရာမတွေ လုံလောက်မှု ရှိလားလို့ ပြောရင်တော့ လုံလောက်မှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် တချို့ဆရာ မတွေ ဆိုရင် ဘာသာကို ၂ ဘာသာ ၃ ဘာသာ သင်နေရတဲ့ ဆရာမ တွေ ရှိတယ်။ KG ကို သွားသင်လိုက် ဒါမှမဟုတ် Grade-3 ကို သွားသင်လိုက် အဲလိုမျိုးလေးတွေ ဖြစ်နေတာပေါ့နော်။ ဆရာမတွေ လုံလောက်မှု မရှိဘူးလို့ တော့ ကျနော် တို့ ပြောလို့ရတယ်” လို့ အဆိုပါ ကျောင်းပညာရေးတာဝန်ခံ တဦးက ပြောပါတယ်။

စစ်တပ်အာဏာကို သိမ်းယူပြီးကတည်းက တောထဲတနေရာမှာ ဖွင့်လှစ်လာခဲ့တဲ့ လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်စာသင်ကျောင်းတနေရာမှာတော့ လာမယ့် စာသင်နှစ်အတွက် Grade – 11 အတန်းကို တိုးချဲ့ ဖွင့်လှစ်မှာ ဖြစ်တာကြောင့် သင်ကြားရေး ဆရာ ၊ ဆရာမ ၄ ဦး လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံ ဆရာမတဦး က အခုလို ပြောပါတယ်။ 

အဆိုပါကျောင်းမှာ တိုးချဲ့သင်ကြားမယ့် Grade – 11 အတန်းအတွက် သင်္ချာ ၊ ဓာတုဗေဒ ၊ မြန်မာစာ ၊ ဇီဝဗေဒ စတဲ့ ဘာသာရပ်တွေကို သင်ကြားနိုင်မယ့် ဆရာ၊ ဆရာမတွေ လိုအပ်နေတာပါ။

"ကျမ တို့ဒီမှာ သင်ကြားရေး အပိုင်းဆိုရင်အခု ၁၀ တန်း ၁၁ တန်းကို Bio (ဇီဝဗေဒ ဘာသရပ်) ဖွင့်မယ် ဆိုတော့ Bio ရဲ့ ပစ္စည်းက ဘာမှ မရှိသေးဘူး။ အဲ့ဒါက လိုအပ်မှု တခုလို့လည်း ပြောလို့ရတယ်။ နောက်တခုကတော့ ဆရာ ဆရာမ တွေပေါ့နော်။ အထက်တန်းကဖွင့်နေပြီ။ အထက်တန်းကို သင်နိုင်မယ့် ဆရာ/မ ကမရှိသေးဘူး။ ဖြစ်နိုင်ရင်တော့ လိုချင်တာက တကယ့် အထက်တန်းမှာ အတွေ့အကြုံရှိတဲ့ ဆရာ ဆရာမ ကို လိုချင်ပေမယ့် မရဘူး။သင်နိုင်မယ့် သူကိုတောင်မှ အခုထိ ရှာနေတုန်းပဲ။ အထက်ပြ ဆရာ ဆရာမ တွေ လိုအပ်နေသေးတယ်" လို့ ကျောင်းတာဝန်ခံ ဆရာမတဦးက ပြောပါတယ်။

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းလာရောက်အပ်နှံတဲ့ ကျောင်းသားပေါင်း ၂၀၀ ဦး ရှိနေပြီး အဲ့ဒီထဲ လက်ရှိ တိုးချဲ့သင်ကြားမယ့် Gade – 11 ကိုလာရောက်အပ်နှံတဲ့ ကျောင်းသား ၁၀ ဦးကျော်ရှိတယ်လို့ ဆိုပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ  ပြီးခဲ့တဲ့ ၂၀၂၅ - ၂၀၂၆ ခုနှစ်ပညာသင်နှစ်အတွင်း အထက်တန်းကျောင်း ၉ ကျောင်း အပါအဝင် စာသင်ကျောင်း စုစုပေါင်း ၄၂ ကျောင်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ကျောင်းသားပေါင်း ၄၁၀၀ ကျော် နဲ့ ဆရာ ၊ ဆရာမဦးရေ ၃၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...