ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးတစ်ဦးက ဒါကာမြို့က မြန်မာသံမှူးနှင့် တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အကြမ်းဖက်သမားတွေကို စစ်တပ်ချင်းပူးပေါင်းတိုက်ခိုက်ဖို့ အဆိုပြုကမ်းလှမ်းထားခဲ့သည် ဖြစ်သည်။
" မြန်မာဘက်ကသာ လက်ခံမယ်ဆိုရင် ကျွန်တော်တို့ နှစ်နိုင်ငံ လုံခြံုရေးတပ်တွေအတူ ပူးပေါင်းပြီး ဒီ အကြမ်းဖက် သမားတွေကို တိုက်ခိုက်နိုင်ပါတယ်" လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဘင်္ဂါလီ အကြမ်းဖက်သမားတွေအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပြီး မြန်မာလုံခြံုရေးတပ်တွေက ရှင်းလင်း တိုက်ခိုက်နေရပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် ဘင်္ဂါလီ မွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေလျက်ရှိတယ်လို့လည်း AFP က ရေးပါတယ်။
ယခုအချိန်ထိ လူပေါင်း ၃,၀၀၀ ကျော် မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိခဲ့ကြတယ်လို့လည်း ကုလဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ထားသည်။
အလားတူ မြန်မာနဲ့ နယ်စပ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီထောင်ပေါင်းများစွာ ရှိနေကြောင်း၊ ယင်းနယ်စပ်မှာ ဘင်္ဂါလီတွေကို တားဆီးပြီး မူလနေရပ် ပြန်ပို့ဖို့ လုပ်ဆောင်နေရလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားခဲ့သည်။







