ရမ်းဗြဲမြို့ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ကလေးတစ်ဦးနှင့် သံဃာတစ်ပါး ဒဏ်ရာရ

ရမ်းဗြဲမြို့ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ကလေးတစ်ဦးနှင့် သံဃာတစ်ပါး ဒဏ်ရာရ
ဓာတ်ပုံ - DMG
ဓာတ်ပုံ - DMG

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ) ဘုန်းကြီးကျောင်းကို မေ ၂၀ ရက်က အာဏာသိမ်းစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦးနှင့် သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၀ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်၊ ဆွမ်းစားချိန်မှာ ရမ်းသစ်ကြီး(အောက်ရွာ) ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရမ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက “ ဆွမ်းစားချိန်မှာပဲ ဒရုန်းနဲ့ လာကြဲတာ။ ဒဏ်ရာရတဲ့ သူတွေကတော့ ဆေးရုံမှာ ဒဏ်ရာကုနေရတုန်းပါ ” ဟု ပြောသည်။

ထိခိုက်မှုအသေးစိတ်အခြေအနေများအား DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိ ရမ်းဗြဲမြို့နယ်အနီး ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်သည် အရပ်သားနေထိုင်ရာ နေရာများအား စစ်သင်္ဘောအပြင် လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်လာနေသည်။

ယင်းအပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ပြည်သူပိုင်နေရာများအား မကြာခဏဗုံးကြဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံပျက်စီးမှုမှာ မြင့်တက်လာနေသည်။

“ တကယ်တော့ ရမ်းသစ်ကြီး၊ ရမ်းသစ်ချေ၊ စစ်ပြားစတဲ့ ကျေးရွာတွေဟာ ရမ်းဗြဲ- တောင်ကုတ် ကားလမ်းပေါ် မှာ ရှိတာ။ ပြောလိုတာက ကျောက်ဖြူတိုက်ပွဲနဲ့ ဝေးသေးတယ်။ ဒါကို စစ်တပ်က အရပ်သားတွေ ထိခိုက်စေချင်လို့ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို လာပြီးတိုက်ခိုက်နေတာလို့ မြင်တယ် ” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ဆိုသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်အတွင်းမှ တိုက်ပွဲပြင်းထန်မှုကြောင့် ရမ်းဗြဲဒေသခသို့ စစ်ဘေးရှောင် အများအပြား ရောက်ရှိနေပြီး ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လုံခြုံရေးစိုးရိမ်မှုများ ရှိနေကြသည်။

မေလ ၁၉ ရက်က စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်ကို စစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲခဲ့မှုကြောင့် နေအိမ် ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း ရမ်းမြို့နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး လေးကြိမ် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...