အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လယ်ယာမြေကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ပွဲလုပ်မည်

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လယ်ယာမြေကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ပွဲလုပ်မည်
by -
မဇ္စျိမ
အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် လယ်ယာမြေ ၂၀၈ ဧကကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို မတ္တရာမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ဒုတိယ သမ္မတလည်း တက်ရောက်မည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု အနာကြီးရောဂါဆေးရုံမှ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများကို ပေးအပ်မည်ဖြစ်ပြီး ယင်းအခမ်းအနားကျင်းပရန် မတ္တရာမြို့ရှိ ဘုရင့်နောင်ခန်းမတွင် ပြင်ဆင်နေမှုများကို ဇွန်လ ၁၇ရက်က မန္တလေးတိုင်း ဝန်ကြီးချုပ်က လာရောက်ကြည့်ရှုခဲ့သည်။

"ပြင်ဆင်ထားတဲ့ အခြေအနေကိုလာကြည့်တာပါ။ ဒုသမ္မတလည်းတက်မယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့တွေလည်းလာမယ်။ ပေးအပ်မယ့်ရက်ကို ကြိုပြောပါမယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

အဆိုပါမြေများကို ပြန်လည်ပေးအပ်ရန်အတွက် အခမ်းအနားများပြင်ဆင်ထားသော်လည်း ပေးအပ်မည့်ရက်ကို အတိအကျမသေးကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်မင်းအောင်ကပြောသည်။

ပြန်လည်စွန့်လွှတ်မည့်မြေမှာ မူလတောင်သူ ၃၂ဦးပိုင်ဆိုင်သည့် လယ်ယာမြေဧက ၂၀၈ ဖြစ်သည်။

"အမှန်တကယ် ပိုင်ဆိုင်ကြောင်းစီစစ်ပြီးမှ အခုလိုပြန်လည်စွန့်လွှတ်တာပါ။ ဧက ၁၁၀၀ ကျော် ကျန်ပါသေးတယ်။ အဲဒါတွေကိုလည်း ပြန်လည်စွန့်လွှတ်ဖို့ စိစစ်နေပါတယ်။"ဟု လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်မင်းအောင်ကပြောသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...