တပ်မတော်ရဟတ်ယာဉ်တစ်စီး ပျက်ကျ၊ သုံးဦး သေဆုံး

တပ်မတော်ရဟတ်ယာဉ်တစ်စီး ပျက်ကျ၊ သုံးဦး သေဆုံး
by -
မဇ္စျိမ
တပ်မတော်ပိုင် MI-2 အမျိုးအစား ရဟတ်ယာဉ်တစ်စီးသည် ရာသီဥတုဆိုးရွာမှုကြောင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၇၂) အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ဇွန်လ ၁၄ရက်၊ နံနက်ပိုင်းတွင် ပျက်ကျသွားသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Armyအဆိုပါ ပျက်ကျမှုကြောင့် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသော ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နှင့် ရဟတ်ယာဉ်အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ ၃ ဦးစလုံး ၎င်းနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ်စခန်းဌာနချုပ်သို့ ပို့ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှစတင် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ဆီဖြည့်ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ မီးလောင်ပျက်စီးခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်ကလည်း နေပြည်တော်တွင် တပ်မတော်ပိုင်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ငါးဦးစလုံး သေဆုံးခဲ့ရသေးသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...