လွှတ်တော်နားချိန် ပြည်သူအတွက် ကြိုးစားပြီးအလုပ်လုပ်ကြဖို့ အမတ်များကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

လွှတ်တော်နားချိန် ပြည်သူအတွက် ကြိုးစားပြီးအလုပ်လုပ်ကြဖို့ အမတ်များကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
by -
မဇ္စျိမ
လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်ရပ်နားစဉ်ကာလအတွင်းမဲဆန္ဒရှင်ပြည်သူများထံ ထဲထဲဝင်ဝင်သွားရောက်ပြီး ပြည်သူတို့၏ လူနေမှုဘဝတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်အမတ်များအား တိုက်တွန်းလိုက်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ဇွန်လ ၁၀ရက်တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်များအား နှုတ်ဆက်စကားပြောကြားစဉ် ဦးဝင်းမြင့်က တိုက်တွန်းလိုက်ခြင်းဖြစ် သည်။

"လွှတ်တော်ရပ်နားနေစဉ်ကာလအတွင်းမှာ ပြည်သူလူထုအကျိုးစီးပွားဖြစ်ထွန်းမယ့် လုပ်ငန်းတာဝန်များကို စိတ်ကောင်း၊ စေတနာနဲ့ ဆထက်တပိုး ထမ်းဆောင်ကြစေလိုပါတယ်" ဟု ဦးဝင်းမြင့်က ပြောသည်။

ပြည်သူ့အကျိုးအတွက် လုပ်ဆောင်ရင်း ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး စသည့် လုပ်ငန်းများတွင်လည်း ကြိုးစားဆောင်ရွက်ရန် အမတ်များကို ဦးဝင်းမြင့်က မှာကြားခဲ့သေးသည်။

"ပြည်သူ့အကျိုးဆောင်ရွက်ရင်း အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးနဲ့ ပြည်သူများရဲ့ လူနေမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်ရေးတို့ကို ကြိုးစားဆောင်ရွက်ပေးကြစေလိုပါတယ်"
ဟု ဦးဝင်းမြင့်က ဆိုသည်။

လွှတ်တော်အစည်းအဝေးများကို အနည်းဆုံး တစ်လခန့် ရပ်နားထားမည်ဖြစ်ပြီး လွှတ်တော်အမတ်များအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးသို့ ပြန်ကြမည်ဖြစ်သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...