ချင်းပြည်နယ်အတွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် Master Plance တစ်ခုရေးဆွဲသွားမည်

ချင်းပြည်နယ်အတွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် Master Plance တစ်ခုရေးဆွဲသွားမည်
by -
မဇ္စျိမ
မွန်ပြည်နယ် ရေးမြို့နယ်ရှိ အလတ်စား ပင်လယ်ရေထွက်လုပ်ငန်းခွင်တစ်ခုအား မေလ ၆ ရက် ၂၀၁၅ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)
မွန်ပြည်နယ် ရေးမြို့နယ်ရှိ အလတ်စား ပင်လယ်ရေထွက်လုပ်ငန်းခွင်တစ်ခုအား မေလ ၆ ရက် ၂၀၁၅ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)
ချင်းပြည်နယ်အတွင်း အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် Master Plance တစ်ခုရေးဆွဲ အကောင်းထည်ဖော်သွားမည်ဟု ချင်းပြည်နယ် စက်မှုကြီးကြပ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ညိုက မဇ္စျိမကို ပြောသည်။

 "အရင်းတုန်းကလည်း SME လုပ်ငန်းတွေကိုလုပ်တယ်။ အခုက အရင်ထက်ပိုကောင်းအောင် ဘယ်လို လုပ် မလဲပေါ့။ ချင်းပြည်နယ်က မြေပိုင်ဆိုင်သူနည်းပါးတယ်။ အရင်က မြေယာပိုင်ဆိုင်မှု ဂရမ်တို့ အထောက်ထား တွေနဲ့မှ ငွေချေးတာတို့လုပ်တာ။ အခုက အဲဒီလိုတွေ မရှိလဲ လုပ်ပေးနိုင်အောင်  Msster plan တစ်ခုရေး ဆွဲပြီး ဖိုရမ်ကအရင် အဖြေရှာသွားပါမယ်"ဟု ၄င်းက ပြောသည်။

 ချင်းပြည်နယ်အတွင်း မြို့နယ် ၉မြို့နယ်ရှိပြီး လူဦးရေ လေးသိန်းခွဲခန့်နေထိုင်ကာ ၃၀ ရာခိုင်နှုန်းသာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်ဟု ၄င်းက ဆိုသည်။

ချင်းပြည်နယ်တွင်နေထိုင်သူများ ကို  SME ၀န်ဆောင်မှု လုပ်အားအခြေပြု နည်းပညာ၊ အသေးစား အလတ်စား လုပ်ငန်းများ နည်းပညာအပြင်ချေးငွေထောက်ပံ့မှုကို ဘဏ်အတိုးနှုန်းဖြင့် ချထားပေးမှုများ ကိုလုပ်ဆောင်ပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ချင်းပြည်နယ် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ( SMEs) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျု ဟာစီမံချက်ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ( Forum) တစ်ရပ်ကို လာမယ့် ဇွန်လ ၁၅-၁၆ ရက် တို့အတွင် ဟားခါးမြို့မှာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

 ဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးရုံးနှင့် နေပြည်တော် စက်မှုကြီးကြပ်ရုံးချုပ်တို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး၊ Friedrick Naumann Foundation နှင့် CAD တို့မှ ကုန်ကျစရိတ်များကို ပူးတွဲကျခံပေးသွားမည် ဖြစ်သည်။

 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အသီးသီးမှ SME လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အထူးဖိတ်ကြားထားသူများ စုစုပေါင်း ၆၀ ဦးခန့် တက် ရောက်ဆွေးနွေးသွားမည် ဖြစ်သည်။

မွန်ပြည်နယ် ရေးမြို့နယ်ရှိ အလတ်စား ပင်လယ်ရေထွက်လုပ်ငန်းခွင်တစ်ခုအား မေလ ၆ ရက် ၂၀၁၅ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...