မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရန် တရုတ်သံအမတ်ကို ဒေသခံများဆန္ဒပြ

မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရန် တရုတ်သံအမတ်ကို ဒေသခံများဆန္ဒပြ
by -
မဇ္စျိမ
ဓာတ်ပုံ- ခွန်းအောင်
ဓာတ်ပုံ- ခွန်းအောင်
ကချင်ပြည်နယ်အတွင်းရှိ ရပ်နားထားသော မြစ်ဆုံရေကာတာစီမံကိန်းအား လုံးဝရပ်ဆိုင်းပေးရန် မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော တရုတ်သံအမတ်ကြီးအား ဒေသခံ ၆၀ဦးခန့်က ဇွန်လ ၄ရက်၊ နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang တည်းဆိုရာ မြစ်ကြီးနားမြို့ရှိ Palm Spring ဟိုတယ်အရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး "တရုတ်သံအမတ်နဲ့ CPI အပါအဝင် တစ်ချို့လူကြီးတွေ အစည်းအဝေးလုပ်နေတယ်။ အဲ့ဒီအချိန်ကိုက်ပြီးမှ ကျနော်တို့ ပြည်သူလူထုတွေ မြစ်ဆုံရေကာတာကို လုံးဝရပ်ဆိုင်းဖို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်တယ်"ဟု ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်သူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG) အထွေထွေအတွင်းရေးမှူး ကိုစားဂျီက ပြောသည်။

ယမန်နေ့က တရုတ်သံအမတ်အပါအဝင် တရုတ်နိုင်ငံ၏ လျှပ်စစ်ကုမ္ပဏီ CPI နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးမှုတွင် မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားဆန္ဒကို ညှိနှိုင်းဆွေးနွေးခဲ့သဖြင့် မြစ်ကြီးနားဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဆန္ဒပြရာတွင် 'မြစ်ဆုံရေကာတာ လုံးဝရပ်ဆိုင်းရေး ဒို့အရေး' ၊ 'CPI ကုမ္ပဏီ ကချင်ပြည်နယ်မှ လုံးဝထွက်ခွာရေး' စသည့် စာတမ်းများကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ကိုးစားဂျီက ဆိုသည်။

ဆန္ဒပြသူ ဒေသခံများအနေဖြင့် ကြိုတင်ခွင့်ပြုမိန့်မယူဘဲ ဆန္ဒထုတ်ဖော်သဖြင့် ရဲတပ်ဖွဲ့က လူစုခွဲရန် နံနက် ၉နာရီတွင် ပြောဆိုလာသဖြင့် တစ်နာရီခန့်ဆန္ဒပြပြီးနောက် လူစုခွဲလိုက်ရသည်ဟုလည်း ၎င်းက ပြောသည်။

တရုတ်သံအမတ်ကြီး Mr. Hong Liangသည် ဇွန်လ ၃ရက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံပွဲတွင် သံအမတ်ကြီးက မြစ်ဆုံစီမံကိန်းကိစ္စအပါအဝင် ငြိမ်းချမ်း၊ ကလေးသူငယ်များအတွက် ရန်ပုံငွေကိစ္စနှင့် ကချင်ပြည်နယ်နှင့် စီးပွားရေးချိတ်ဆက်လုပ်ကိုင်ရန် စသည့်အကြောင်းအရာများကို အဓိက ဆွေးနွေးခဲ့သည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သတ်ပြီး အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ကြား သဘောတူညီချက်များအပေါ် အခြေခံကာ ပြည်သူမနာသည့်နည်းလမ်းကို သုံးသွားမည်ဟု ၂၀၁၅ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလတွင် လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်ခရီးစဉ်တွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက်အတွင်း နိုင်ငံအဝှမ်းရှိ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် မြစ်ဆုံစီမံကိန်းကို ၎င်း၏ အစိုးရလက်ထက်အတွင်း ၂၀၁၁ခုနှစ်၊ စက်တင်ဘာလတွင် ဦးသိန်းစိန်က ရပ်ဆိုင်းထားခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...