Published
Thursday, June 02, 2016
စက်လှေနစ်မြုပ်မှုတွင် ရခိုင်ကျောင်းသား ရ ဦး ပျောက်ဆုံးနေဆဲ
ပျောက်ဆုံးနေဆဲ ကျောင်းသား (၇) ဦးကို ဆက်လက်ရှာဖွေနေစဉ် (ဓာတ်ပုံ - CJ/ပိုးရွှီပြင်)
ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင် အထက်တန်းကျောင်းသားများ တင်ဆောင်လာသည့် စက်လှေမှာ ယမန်နေ့ ဇွန်လ ၁ ရက်နေ့ နေ့လည် ၁ နာရီခန့်က နစ်မြုပ်ခဲ့သည်။
စက်လှေသည် ပိုးရွှီပြင်ကျေးရွာမှ ဂန့်ဂါကျေးရွာသို့ အသွားတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်တွင် ကျောင်းသား ၃၅ ဦးပါရှိခဲ့သည်။
နစ်မြုပ်မှုဖြစ်ပြီး မရှေးမနှောင်းမီပင် ဒေသခံများ၏ ကယ်ဆယ်ပေးမှုကြောင့် ကျောင်းသား ၂၈ ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ရ ဦးမှာ ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။
"ကျနော်တို့ ဒီနေ့ မနက်ထိ ရှာဖွေနေဆဲပါ။ ရ ဦး ပျောက်နေသေးပါတယ်။" ဟု ပိုးရွှီပြင်ရဲစခန်းမှ မဇ္စျိမကို ပြောသည်။
ပျောက်ဆုံးနေသော ကျောင်းသား ရ ဦးတွင် သတ္တမတန်း (၃) ဦး၊ အဌမတန်း(၃) ဦးနှင့် နဝမတန်း (၁)ဦးခန့်ပါဝင်ပြီး လှေမောင်းနှင်သူအား သက်ဆိုင်ရာရဲစခန်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။







