Published
Wednesday, June 01, 2016
UNFC ဗဟိုအလုပ်မှုဆောင်ကော်မတီ တိုးချဲ့အစည်းဝေးကျင်းပ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တုုိးချဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမုုိင်မြို့တွင် ဇွန်လ ၁ ရက်က စတင်ကျင်းပနေပြီ ဖြစ်သည်။
ယင်းအစည်းအဝေးတွင် အစုုိးရသစ်နှင့် UNFC မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆုုိင်ရာ ညှိနှိုင်းရေးကုုိယ်စားလှယ်အဖွဲ့ (DPN)တိုု့ တွေ့ဆုံု ဆွေးနွေးရေး၊ မကြာသေးမီက UNFC အဖွဲ့ဝင်မှ ယာယီရပ်စဲရန် စာတင်ထားသည့် တအာင်းနှင့် ကုုိးကန့်အဖွဲ့နှစ်ဖွဲ့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု သိရသည်။







