ရခိုင်တွင် တနိုင်တပိုင် ငါးဖမ်းလုပ်ကိုင်သူများ နည်းပါးလာ

ရခိုင်တွင် တနိုင်တပိုင် ငါးဖမ်းလုပ်ကိုင်သူများ နည်းပါးလာ
by -
မဇ္စျိမ
ဓာတ်ပုံ (ကျော်မင်း/စစ်တွေ)
ဓာတ်ပုံ (ကျော်မင်း/စစ်တွေ)
ရခိုင်ပြည်နယ်သည် မြစ်ချောင်းများပေါများသည့်အတွက် တံငါလုပ်ငန်းကို နည်းအမျိုးမျိုးဖြင့် လုပ်ကိုင်လျှက်ရှိရာ ဒေသတွင်းရှိ မြစ်ချောင်းငယ်များတွင် တစ်နိုင်တစ်ပိုင်ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေကြသူ အများအပြားရှိခဲ့သော်လည်း ယခုအချိန်တွင် ယင်းလုပ်ငန်းကို လုပ်ကိုင်သူ သိသိသာသာ နည်းပါးလာကြောင်း သိရသည်။

ယခင်က ဒေသတွင်းရှိ မြစ်ချောင်းများတွင် ပိုက်ကွန်များဖြင့် တစ်နိုင်တစ်ပိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ပြီး မိသားစု အသက်မွေးဝမ်းကျောင်းနေခဲ့ကြသူများမှာ မြစ်ချောင်းငယ်များအား   လေလံတင်ရောင်းချခြင်း၊ တစ်ချို့ချောင်းများအား စီးပွားရေး လုပ်ငန်းရှင်တစ်ချို့၏ ချောင်းများကို ဆည်ဖို့ကာ ရေငန်ငါးပုဇွန်မွေးမြူရေး လုပ်ငန်းများပြုလုပ်နေကြသည့် အပြင် ငါးရှာဖွေခွင့် မပေးသည့်အတွက် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း နည်းပါးလာရခြင်းဖြစ်ကြောင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူများက ပြောသည်။

“ကျွန်တော်တို့လို ချောင်းတွေထဲမှာ ငါးရှာတဲ့သူတွေ တော်တော်လေးကို နည်းသွားပြီ။ အရင်တုန်းကဆိုရင် ချောင်းတွေထဲမှာ ကွန်ပစ်ကြတယ်။ လမုပစ်ကြတယ်။ ဂဏန်းထောင်ကြတယ်။ ငါးမျှားကြတယ်။ အဲလိုမျိုး ငါးရှာပြီးရပ်တည်နေတဲ့သူတွေ အများကြီးရှိခဲ့တယ်။ မနက်မိုးလင်းတာနဲ့ ချောင်းတွေထဲမှာ ငါးရှာသူတွေအများကြီးပဲ။ ထောက်လှမ်းရေးခေတ်မှာ ထောက်လှမ်းရေးနဲ့ သင့်တဲ့သူတွေ၊ ပိုက်ဆံရှိတဲ့သူတွေက ချောင်းတွေကိုပိတ်လိုက်တယ်။ ငါးပုဇွန်မွေးကြတယ်။ မြစ်တွေချောင်းတွေကို အစိုးရကလေလံပစ်တယ်။ ချမ်းသာသူတွေပဲ ချောင်းတွေကို ပိုင်ဆိုင်လိုက်ကြတော့ ကျွန်တော်တို့လို ငွေမရှိတဲ့သူတွေ ငါးရှာဖို့နေရာက အခက်အခဲဖြစ်သွားတွယ်။ ဒါကြောင့် ဒီအလုပ်ကိုလုပ်ကိုင်သူတွေနည်းသွားတာဖြစ်တယ်။” ဟု စစ်တွေမြို့နယ်မှ တံငါသည် ဦးကျော်ထွန်းသာက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ငါးများအား မဆင်မခြင်ဖမ်းဆီးနေကြသည့်အတွက် ငါးများပြုန်းတီးလာခြင်းတို့ကြောင့် ယခုကဲ့သိူ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများနည်းပါးလာရခြင်းဖြစ်ကြောင်းလည်း ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူများက ပြောသည်။

“လက်လုပ်လက်စားငါးဖမ်းသမားတွေ နည်းပါးသွားရတဲ့ နောက်တစ်ချက်ကတော့ အရင်ကလိုမျိုး ငါးရှာရတာလည်း မလွယ်ကူတော့ဘူး။ ပြီးတော့ ငါးရှာမယ့်နေရာလည်းမရှိတော့သလို ငါးတွေကလည်း နည်းလာတယ်။ ဒါကြောင့် တစ်နေ့စာအတွက် မလုံလောက်တော့ဘူး။ နိုင်ငံခြားကိုသွားတဲ့သူတွေပဲ များလာတယ်။ လယ်လုပ်ငန်းတွေကလည်း အဆင်မပြေတော့ စီးပွားရေးတွေလည်း အဆင်မပြေဘူး။ ကြံုရာကျဘန်းလုပ်ကိုင်နေကြရတာပါပဲ” ဟု ကျောက်ဖြူမြို့နယ်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ထွန်းဦးက ပြောသည်။

တစ်နိုင်တစ်ပိုင်ငါးဖမ်းစီးပွားရေးများ ပျက်စီးသွားသကဲ့သို့ ပင်လယ်ပြင်တွင်် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ဒေသတွင်း အလတ်စားငါးဖမ်းလုပ်ငန်းရှင်များမှာလည်း ဒေသမတည်ငြိမ်မှု ကမ်းနီး လုပ်ကွက်များသို့ ကမ်းဝေးငါးဖမ်းသင်္ဘောများ တရားမဝင်ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေသည့်အတွက် ငါးများရှားပါးလာခြင်း၊ အလွယ်တကူ ငါးဖမ်းလုပ်ကွက်များနည်းပါးလာခြင်း၊ ပင်လယ်ပြင်စီးပွားရေး လုပ်ငန်းများ တိုးချဲ့လာနေကြသည့်အတွက် ဒေသတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တခြားစီးပွားရေးလုပ်ငန်းများကို ပြောင်းရွှေ့လုပ်ကိုင်နေကြရသည့်အတွက် တငါးလုပ်ငန်းလုပ်ကိုင်သူများ နည်းပါးလာနေကြခြင်းဖြစ်သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...