မီးပြတ်တောက်မှုမဖြစ်ရေး အထူးဂရုစိုက်ဖို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သတိပေး

မီးပြတ်တောက်မှုမဖြစ်ရေး အထူးဂရုစိုက်ဖို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သတိပေး
by -
မဇ္စျိမ
လျှပ်စစ်မီး မကြာခနပြတ်တောက်မှုအပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထူးဂရုစိုက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောဆိုလိုက်သည်။

"လျှပ်စစ်နဲ့ပတ်သက်လို့ အနည်းငယ်ရှင်းလင်းလိုပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ အခုဆို ဂျာနယ်တွေမှာပါတဲ့ ကာတွန်းတစ်ချို့တွေ့မိမယ်လို့ ယူဆပါတယ်။ ကာတွန်းတွေက ဘယ်လိုပြောလဲဆို ဟိုတုန်းက မီးကခဏ ခဏပျက်တယ်တဲ့။ အခုတော့ ခဏခဏ မလာဘူးတဲ့။ ဒါလေးကို လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ အထူး သတိချပ်ပြီးတော့ ဂရုစိုက်စေလိုပါတယ်" ဟု မေလ ၃၁ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးဝင်းမြင့်က ပြောသည်။

လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်တို့မေးမြန်းသော လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနှင့်သက်ဆိုင်သည့် မေးခွန်းများကို ဝန်ကြီး ဦးဖေဇင်ထွန်းက လာရောက်ဖြေဆိုမှုအပြီးတွင် ဦးဝင်းမြင့်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

မေလ ၃၁ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ်မှ ဦးနေမျိုးထက်က ကျောက်တံတားမြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် မည်ကဲ့သို့ ဆောင်ရွက်ထားရှိ၍ ပြတ်တောက်ပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်ရေးနှင့် ပုဂ္ဂလိကကုမ္ပဏီများသို့ လွှဲပြောင်းထားခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

လွိုင်ကော်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာခင်စည်သူကလည်း လွိုင်ကော်မြို့နယ် ဓာတ်အားပေးစက်ရုံ အနီးတစ်ဝိုက်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးနှင့် ယခင်က မီးလင်းရန် စိုက်ထူအသုံးပြုထားသော သစ်သားတိုင်များကို ကွန်ကရစ်တိုင်များအဖြစ် အစားထိုးပေးရန် အစီအစဉ်ရှိ/မရှိ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သေးသည်။

ယခုနှစ် မေလဆန်းပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း စသည့် ဖြစ်စဉ်များကြောင့် ဓာတ်တိုင်၊ ဓာတ်ကြိုးများပျက်စီးခြင်းကြောင့် ဓာတ်အားစနစ်တစ်ခုလုံး ယာယီပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...