လာမည့်ရွေးကောက်ပွဲများတွင် မဲစာရင်းများ မှန်ကန်တိကျအောင် ဆောင်ရွက်မည်ဟု ကော်မရှင်ပြော

လာမည့်ရွေးကောက်ပွဲများတွင် မဲစာရင်းများ မှန်ကန်တိကျအောင် ဆောင်ရွက်မည်ဟု ကော်မရှင်ပြော
by -
မဇ္စျိမ
 နေပြည်တော်(မေလ ၃၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ နောင်လာမည့် ရွေးကောက်ပွဲများတွင် မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က မေလ ၃၀ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

"၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြုစုခဲ့သော မဲဆန္ဒရှင်စာရင်းအား အခြေခံ၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်းကောက်ယူခြင်းဖြင့် ပိုမိုပြည့်စုံတိကျမှန်ကန်စေရေး ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်" ဟု ဦးလှတင့်က ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းနေမှုအပေါ် ကော်မရှင်အနေဖြင့် နောင်လာမည့် ရွေးကောက်ပွဲကာလတွင် မဲစာရင်းများမှန်ကန်စေရန် မည်ကဲ့သို့ စီစဉ်ထားသနည်းဟု ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးနေမျိုးထက်၏ မေးခွန်းထုတ်မှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မဲစာရင်းများ မှန်ကန်စေရန်အတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မဲဆန္ဒရှင်ပြည်သူများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဦးလှတင့်က ဆိုသည်။

"မဲစာရင်းတွေ မှန်ကန်မှုမရှိဘူးဆိုရင် မဲဆန္ဒရှင်ပြည်သူတွေအတွက် အင်မတန်မှ နစ်နာပါတယ်" ဟု ပျဉ်းမနားမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းနေခြင်း၊ အချက်အလက် ပြည့်စုံမှုမရှိခြင်း၊ သေဆုံးသူများ မဲစာရင်းတွင် ပါဝင်နေခြင်း၊ ရွှေ့ပြောင်းလုပ်သားများ မဲပေးရန်အခက်အခဲရှိခြင်း စသည်တို့ကြောင့် ပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌအဖြစ် ဦးလှသိန်းက တာဝန်ယူထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...