ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များကို မီဒီယာနှင့် ဆက်ဆံရေး သင်တန်းပေးမည်

ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များကို မီဒီယာနှင့် ဆက်ဆံရေး သင်တန်းပေးမည်
by -
မဇ္စျိမ
ဝန်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်တွေအတွက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများ နှင့် ညှိနှိုင်းကာ ပြောရေးဆိုခွင့်သင်တန်းတွေကို နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်မည်ဟု ဝန်ကြီးက ပြောသည်။

"ဝန်ကြီးဌာနတွေမှာ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်တွေ ရွေးထားတာရှိတယ်၊ အဲ့ဒီပုဂ္ဂိုလ်တွေ သတင်းမီဒီယာနဲ့တွေ့တဲ့အခါမှာ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ နည်းလမ်းတွေ၊ သူတို့အရည်အချင်း အရည်အသွေးတွေပြည့်ဝအောင် လေ့ကျင့်တဲ့သဘောမျိုး၊ ရက်တိုသင်တန်းသဘောမျိုး၊ ဒါက ဇွန်လထဲမှာ လုပ်ဖို့ရှိတယ်"ဟု ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်က ပြောသည်။

ဇွန်လပထမပတ်မှ ဒုတိယအပတ်အထိ ရက်တိုသင်တန်းတစ်ခု နှင့် တတိယအပတ်မှ စတုတ္တပတ်ထိ ရက်တိုသင်တန်းတစ်ခု ဆိုပြီးသင်တန်းနှစ်ခု ပြုလုပ်သွားမည်ဟု ဆိုသည်။ သင်တန်းကာလကို ၃ရက် လျာထားပြီး ပြည်တွင်း၊ ပြည်ပမှ မီဒီယာပညာရှင်များက သင်ကြားပို့ချမည်ဟု သိရသည်။

သင်တန်းတစ်ခုတွင် ဝန်ကြီးဌာနများ၏ ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးစီ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတစ်ခုကို သင်တန်းသား ၅၀ ထက်မနည်း တက်ရမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မဇ္ဈိမကို ပြောသည်။

"ပြီးရင်ဆက်ပြီးတော့ သင်တန်းတွေပေးဖို့ကို သက်ဆိုင်ရာ media developement partner တွေ(မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတွေ)နဲ့ ထပ်ပြီးတော့ ချိတ်ဆက်နေပါတယ်။ တချို့သံရုံးတွေနဲ့လည်း ပြည်ထောင်စုဝန်ကြီးက ပြောထားတာတွေရှိပါတယ်။ ဒါတွေကတော့ဆက်ပြီးတော့ ရေရှည်ပေါ့ ထပ်ပြီးတော့ပေးသွားဖို့လည်းရှိပါတယ်။"လို့ ဦးတင့်ဆွေက ဆက်ပြောသည်။

အဆိုပါပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်များကို မေလ၂၀ရက်က ရွေးချယ်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...