တရားမဝင်သစ်ခိုးထုတ်မှုကို တားဆီးနိုင်ရန် သစ်တောဝန်ထမ်း ၆၀၀ကျော် အသစ်ခန့်အပ်မည်

တရားမဝင်သစ်ခိုးထုတ်မှုကို တားဆီးနိုင်ရန် သစ်တောဝန်ထမ်း ၆၀၀ကျော် အသစ်ခန့်အပ်မည်
by -
မဇ္စျိမ
တရားမဝင်သစ်ခိုးထုတ်မှုများကို ထိန်းချုပ်ရန်အတွက် ဝန်ထမ်းမလုံလောက်သဖြင့် သစ်တောဝန်ထမ်း ၆၀၀ကျော်ကို ထပ်မံခန့်ထားမည်ဟု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ပြောသည်။

သစ်တောဝန်ထမ်းများ မလုံလောက်မှုကြောင့် ထိရောက်စွာ ဖမ်းဆီး အရေးမယူနိုင်ဘဲ ဖြစ်နေ၍ အသစ်ခန့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးညီညီကျော်က မေ၁၅ ရက်က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယခုနှစ်တွင် သစ်တောဝန်ထမ်း ၆၁၁ ဦး ခန့်အပ်မည့်အပြင် သစ်တောသိပ္ပံဘွဲ့ ပညာရှင် ရ၆ ဦး ကို ခေါ်ယူမည်ဟု ၎င်းက ပြောသည်။ ဝန်ထမ်းများကိုမူ သစ်တောဝန်ကြီးဌာနက ဖွင့်လှစ်ထားသော သင်တန်းကျောင်းများတွင် သင်တန်းပေးပြီးနောက် အလုပ်ခန့်အပ်မည်ဟု ဦးညီညီကျော်က ပြောကြားခဲ့သည်။

ထို့ပြင် သစ်ခိုးထုတ်မှုကို ဟန့်တားရာတွင် သစ်တော ဝန်ထမ်းသာမက သစ်တောရဲဌာနနှင့် ပူးပေါင်းလုပ််မှသာလျှင် ပိုမိုထိရောက်မည်ဖြစ်သောကြောင့် သစ်တော ရဲဌာနအား သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်တွင် ထားရှိရန်လည်း တောင်းဆိုထားသည်ဟု ဆိုသည်။

လက်ရှိတွင် သစ်ခိုးထုတ်မှုများကို သစ်တောဌာနဝန်ထမ်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲဝန်ထမ်းများက ပူးပေါင်းကာ ဖမ်းဆီးလျက်ရှိပြီး အချို့သော နေရာများတွင် တပ်မတော်ကပါ ပူးပေါင်းဖမ်းဆီးမှုများရှိသည်။

သစ်ခိုးထုတ်မှုဖမ်းဆီးရာတွင် ပြည်သူများလည်းပါဝင်သင့်ကြောင်းကို ဦးညီညီကျော်က "သစ်ခိုးတယ်ဆိုတာ နည်းနည်းလေးလည်းမဟုတ်ဘူး ကားတွေနဲ့ကို အများကြီးခိုးထုတ်ကြတာ ဒါကိုမြင်တာကျတော့ ပြည်သူတွေက မအော်ကြဘူး မတိုင်ကြဘူး။ ပြည်သူတွေလည်း တိုင်တန်းပါ။ ဒီလိုလုပ်မှပဲ ကျွန်တော်တို့ဖက်က ဖမ်းဆီး အရေးကြီးယူမှုမှာ ပိုမိုထိရောက်နိုင်မှာဖြစ်တယ်" ဟု ၎င်းက ပြည်သူတွေကို တိုက်တွန်းခဲ့သည်။

၁၉၇၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၃၆ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ သစ်တောဧရိယာ၏ လေးပုံတစ်ပုံ ခန့်ဖြစ်သော သစ်တောစတုရန်းမိုင် ၁၉၈,၀၀၀ ကျော်သည် ဆုံးရှုံးသွားခဲ့ပြီဟု ဗြိတိန်အခြေစိုက် ကမ္ဘာ့ သားရဲ တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ကပြီး ခဲ့သည့်မေလက ထုတ်ပြန်သည့် စစ်တမ်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သစ်တောဧရိယာ စတုရန်းမိုင်ပေါင်း ၁၅၀,၀၀၀ ခန့်ရှိသည့်အနက် ရှမ်းပြည်နယ်တွင် သစ်တော အများဆုံးဖြစ်ပြီး စတုရန်းမိုင်အားဖြင့် ၄၅,၀၀၀ ကျော်ရှိသည် ဟုလည်း စစ်တမ်းများတွင် တွေ့ရ သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...