မဲဆောက်ထောင်အစောင့်ကို သတ်ပြီး ထွက်ပြေးရန်ကြိုးစားခဲ့သည့် မြန်မာအကျဉ်းသား ကြိုးဆွဲချသေဆုံးနေ

မဲဆောက်ထောင်အစောင့်ကို သတ်ပြီး ထွက်ပြေးရန်ကြိုးစားခဲ့သည့် မြန်မာအကျဉ်းသား ကြိုးဆွဲချသေဆုံးနေ
by -
မဇ္စျိမ
မြန်မာအကျဉ်းသားဂျော်မီသည် ထိုင်းနိုင်ငံ တက်ပြည်နယ်ရှိ မဲဆောက်ခရိုင်အကျဉ်းထောင်မှ ထောင်အစောင့်ကိုသတ်ပြီး ထောင်ဖောက်ပြေးရန်ကြိုးစားခဲ့ပြီး နှစ်ရက်အကြာတွင် အကျဉ်းတိုက်အတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို ရဲများက တွေ့ရှိခဲ့သည်။

မေလ ၁၆ ရက်တွင် ဆွမ်ချိုင်းခွန်ပူဖာ(ခေါ်) ဂျော်မီဆိုသည့် အသက် ၃၁ နှစ်အရွယ် မြန်မာအကျဉ်းသားအား အကျဉ်းထောင်စောင့်များ က သေဆုံးလျက်သား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆွမ်ချိုင်းသည် အကျဉ်းသားများအိပ်ဆောင်များကို စောင့်ကြည့်ရသည့် ထောင်ဝန်ထမ်း နက်ဝန်အား မေ ၁၄ ရက် အစောပိုင်းအချိန်က တူဖြင့် တိုက်ခိုက်ခဲ့သည်။ ခေါင်းအား တူဖြင့် ထုနှက်ခံရ၍ အကျဉ်းထောင်စောင့် နက်ဝန်က ဆေးရုံအရောက် သေဆုံးခဲ့သည်။ ဆွမ်ချိုင်းက အစောင့်ဖြစ်သူကို တိုက်ခိုက်ပြီးနောက် အကျဉ်းထောင်နံရံအား ကျော်တက်ရန် ကြိုးစားစဉ် ပြန်ဖမ်းခံရခြင်းဖြစ်သည်။

ဆွမ်ချိုင်းသည် လူသတ်ရန်ကြံစည်မှု၊ နိုင်ငံတွင်း တရားမဝင်ခိုးဝင်မှုနှင့် ဓားကိုင်ဆောင်မှုများဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ငါးလကို ပြီးခဲ့သည့်နှစ် ဧပြီ ၁၀ ရက်က ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...