စစ်တွေတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပွား

စစ်တွေတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပွား
by -
မဇ္စျိမ
မတ်လ ၁၀ ရက်နေ့ စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် (ဓာတ်ပုံ - ကျော်မင်း/မဇ္စျိမ)
မတ်လ ၁၀ ရက်နေ့ စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် (ဓာတ်ပုံ - ကျော်မင်း/မဇ္စျိမ)
စစ်တွေမြို့နယ်တွင် မေ ၁၅ ရက် ည ၈ နာရီဝန်းကျင် အချိန်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် နယ်ထိန်းရဲတပ်ဖွဲ့ ခေါင်းဆောင် ရဲအုပ် ဦးအေးခင်မောင်က "ပေါက်ကွဲမှုဖြစ်တာက ကန်တော်ကြီးကန်တူးဖော်တဲ့နေရာအနီးမှာလို့ ယူဆရပါတယ်။ ဗုံးပေါက်တာလား ဘာပေါက်တာလဲဆိုတာ ကျနော်တို့ မသိရသေးပါဘူး"ဟု မဇ္ဈိမကို အတည်ပြု ပြောကြားခဲ့သည်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ယခု ပေါက်ကွဲမှုမတိုင်မီ မတ်လ ၁၀ ရက်နေ့ကလည်း စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ မေယုလမ်းရှိ RiA - Root Investigative Agency သတင်းဌာန၏ အယ်ဒီတာချုပ် နေအိမ်တွင်  ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ၎င်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယခုတိုင် တရားခံကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း စစ်တွေမြို့နယ် အမှတ် (၁) ရဲစခန်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

မတ်လ ၁၀ ရက်နေ့ စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် (ဓာတ်ပုံ - ကျော်မင်း/မဇ္စျိမ)

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...