ပထမဆုံး အကြိမ် ဆယ်ကျော်သက်လူငယ်ညီလာခံ ကျင်းပမည်

ပထမဆုံး အကြိမ် ဆယ်ကျော်သက်လူငယ်ညီလာခံ ကျင်းပမည်
by -
မဇ္စျိမ
 တောင်ကြီးမြို့က လူငယ်များ စုပေါင်းပြီး ပြုလုပ်သည့် စစ်ပွဲများရပ်တန့်ရေး လှုပ်ရှားမှုတစ်ခုတွင် တွေ့ရသော လူငယ်များ။ (ဓာတ်ပုံ-မဇ္ဈိမ)
တောင်ကြီးမြို့က လူငယ်များ စုပေါင်းပြီး ပြုလုပ်သည့် စစ်ပွဲများရပ်တန့်ရေး လှုပ်ရှားမှုတစ်ခုတွင် တွေ့ရသော လူငယ်များ။ (ဓာတ်ပုံ-မဇ္ဈိမ)
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဆယ်ကျော်သက်လူငယ်ညီလာခံအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး မေ ၁၈၊ ၁၉ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။

ယင်းညီလာခံတွင် ဆယ်ကျော်သက်လူငယ်များ၏ လိုအပ်ချက်များ၊ အရေးကြီးသည့်အရာများအား ဒေသဆိုင်ရာ ဆယ်ကျော်သက်လူငယ်အချင်းချင်း ဆွေးနွေးခြင်းအပြင် လူငယ်များ နှင့် ဌာနဆိုင်ရာ လွှတ်တော်အမတ်များ၊ ကဏ္ဍအလိုက် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းသွားမည့် အစီအစဉ်လည်း ပါဝင်သည်။

ယင်းညီလာခံသည် အစိုးရ နှင့် ဆက်ကျော်သက်လူငယ်များကို ချိတ်ဆက်ပေးနိုင်ရန် အဓိက ရည်ရွယ်ကြောင်း နှင့် ဆယ်ကျော်သက်လူငယ်များကြားရှိ ပြဿနာများ၊ အသံများကို တိုက်ရိုက်ပြောကြားနိုင်ရန် ပွဲစီစဉ်သည့် အဖွဲ့တွင် ပါဝင်သည့် ပြုလုပ်ခြင်းဖြစ်ကြောင်း Actionaid Mynamarမှ Adolescent Engament မန်နေဂျာ ဒေါ်ခင်သန္တာမြင့်က မဇ္ဈိမကို ပြောသည်။

ညီလာခံတွင် မြန်မာပြည် အနှံ့အပြားရှိ ဆယ်ကျော်သက်လူငယ်များသည် အသက်ရွယ်အားဖြင့် ၁၃ မှ ၁၉ နှစ်ထိ ကျောင်းနေသည့် ဆယ်ကျော်သက်များ၊ အလုပ်လုပ်နေသည့် ဆယ်ကျော်သက်လူငယ်များ၊ ဝေးလံခေါင်ဖျားသည့်ဒေသများမှ ဆယ်ကျော်သက်လူငယ်များ နှင့် မသန်စွမ်းဆယ်ကျာ်သက်လူငယ်များ ပါ၀င်မည်ဖြစ်သည်။ ညီလာခံတက်ရောက်ရန် စာရင်းပေးထားသူမှာ ယနေ့ မေလ ၁၃ရက်အထိ ၃၉၀- ၄၀၀ ဝန်းကျင် ရှိနေပြီဖြစ်ပြီး ညီလာခံတွင် လူငယ် ၆၀၀ခန့် ရှိနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းသည်။

ဆယ်ကျော်သက်လူငယ်ညီလာခံကို မေလ ၁၈ရက် နှင့် ၁၉ရက်၌ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး Actionaid Myanmar နှင့် Unicef Myanmar တို့က ပူးပေါင်းကျင်းပမည်ဖြစ်သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...