‘ရိုဟင်ဂျာ’ ဟူသည့် အသုံးအနှုန်း သတိပြုဆောင်ရွက်မယ်လို့ အမေရိကန် သံအမတ်ပြော

‘ရိုဟင်ဂျာ’ ဟူသည့် အသုံးအနှုန်း သတိပြုဆောင်ရွက်မယ်လို့ အမေရိကန် သံအမတ်ပြော
by -
မဇ္စျိမ
ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ
ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ
နေပြည်တော်(မေလ ၁၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံသားများ လိုလားလက်ခံခြင်းမရှိသည့် ‘ရိုဟင်ဂျာ’ ဟူသည့် အသုံးအနှုန်းအား သတိပြုသွားမည်ဟု အမေရိကန်သံအမတ်သစ် H.E. Scot Marciel က မေလ ၁၁ရက်တွင် ပြောဆိုခဲ့ကြောင်း သူရဦးရွှေမန်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

‘ရိုဟင်ဂျာ’ ဟူသည့် အသုံးအနှုန်းအား သုံးစွဲခဲ့ရခြင်းမှာလည်း မြန်မာနိုင်ငံသားများ၏ သဘောထားကို အလေးမထား၊ ဆန့်ကျင်လိုခြင်းကြောင့်မဟုတ်ဘဲ ၎င်းအတွက် အခြားသောစကားရပ် မရှိသောကြောင့်ဟု အမေရိကန်သံအမတ်က ပြောဆိုခဲ့သည်ဟု သူရဦးရွှေမန်းက ရေးသားထားသည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမေရိကန်သံအမတ်ကြီးတို့သည် မေလ ၁၁ရက်၊ နံနက် ၁၀နာရီအချိန်တွင် နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ကော်မရှင်အဆောက်အဦ I – 1တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် သူရဦးရွှေမန်းက မြန်မာနိုင်ငံသားများ လက်ခံနိုင်ခြင်းမရှိသည့် ‘ရိုဟင်ဂျာ’ ဟူသည့် အသုံးအနှုန်းအား သံအမတ်ကြီးအနေဖြင့် သတိပြုရမည့်အချက်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်းလည်း လူမှုကွန်ယက်တွင် သူရဦးရွှေမန်းက ရေးသားထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရက ရိုဟင်ဂျာဟူသော စကားလုံးမသုံးနှုန်းရန် တိုက်တွန်းထားသော်လည်း ဖိနှိပ်ခံမွတ်စလင် များအတွက် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကိုပင် ဆက်လက်သုံးစွဲသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်က မေ ၁၀ ရက်တွင် ပြောလိုက်ကြောင်း ရိုက်တာ သတင်းက ဖော်ပြထားသည်။

လူဦးရေ ၁ ဒဿမ ၁ သန်းနီးပါးရှိသည့် ရိုဟင်ဂျာဟုဆိုသူများကို မြန်မာနိုင်ငံရှိ လူအများစုက ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုးဝင်လာသူ ဘင်္ဂလီများအဖြစ် လက်ခံထားသည်။ ယင်းရိုဟင်ဂျာ အသုံးအနှုန်းကြောင့်လည်း သဘောထားကွဲလွဲမှုများ ဖြစ်ပွားကာ ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်အတွင်းက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအရှေ့တွင် ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ဦးစီးသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အမေရိကန်သံအမတ်ကြီးအား အငြင်းပွားဖွယ်ရာ အချင်းအရာဖြစ်၍ ရိုဟင်ဂျာဟူသော အသုံးအနှုန်းအား ရှောင်ကြည်ရန် မေတ္တာရပ်ခံခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...