ရိုဟင်ဂျာဟုသာ ဆက်သုံးမည်ဟု အမေရိကန်သံအမတ်ကြီးပြော

ရိုဟင်ဂျာဟုသာ ဆက်သုံးမည်ဟု အမေရိကန်သံအမတ်ကြီးပြော
by -
မဇ္စျိမ
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရက ရိုဟင်ဂျာဟူသော စကားလုံးမသုံးနှုန်းရန် တိုက်တွန်းထားသော်လည်း ဖိနှိပ်ခံမွတ်စလင်များအတွက် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကိုပင် ဆက်လက်သုံးစွဲသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်က မေ ၁၀ ရက်တွင် ပြောလိုက်ကြောင်း ရိုက်တာ သတင်းက ဖော်ပြထားသည်။

ဦးရေအုပ်စုအားဖြင့် ခိုင်မာသည့် အင်အားဖြစ်သော ဦးရေ ၁ ဒဿမ ၁ သန်းနီးပါးရှိသည့် ရိုဟင်ဂျာဟုဆိုသူများကို မြန်မာနိုင်ငံတွင် အများစုက ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုးဝင်လာသူများအဖြစ် လက်ခံထားသည်။ ယင်းရိုဟင်ဂျာ အသုံးအနှုန်းကြောင့်လည်း သဘောထားကွဲလွဲမှုများ ဖြစ်ပွားနေရသည်။

ဒီမိုကရေစီအတွက် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ပြီးနောက် သမိုင်းဝင်ရွေးကောက်ပွဲဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရကာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအစိုးရသစ်အဖြစ် တက်လာသည့် အရေးကြီး အချိန်အခါတွင် အမေရိကန်နိုင်ငံကိုယ်စားပြုအဖြစ် Scot Marciel က သံအမတ်ကြီးသစ်အဖြစ် တာဝန်ယူလာခြင်းဖြစ်သည်။

"ကျွန်တော်တို့ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အနေအထား၊ နိုင်ငံတကာကျင့်ဝတ်တွေအရ အသိမှတ်ပြုလက်ခံတာက မည်သည့်လူအဖွဲ့အစည်းအသိုင်းအဝန်းကမဆို သူတို့ကို ခေါ်စေချင်တဲ့ အသုံးအနှုန်းကို ရွေးချယ်နိုင်ခွင့်ရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က လေးစားလိုက်နာရမှာ ဖြစ်ပါတယ်"ဟု ရိုဟင်ဂျာဟူသောအသုံးအနှုန်း ဆက်လက်သုံးစွဲမစွဲ မေးမြန်းရာတွင် Marciel က တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ဦးစီးသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အမေရိကန်သံအမတ်ကြီးအား အငြင်းပွားဖွယ်ရာ အခြင်းအရာဖြစ်၍ ရိုဟင်ဂျာဟူသော အသုံးအနှုန်းအား ရှောင်ကြည်ရန် မေတ္တာရပ်ခံခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ရိုဟင်ဂျာဟူသည်မှာ တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးစုထဲတွင် မပါဝင်ဘဲ ယင်းအသုံးအနှုန်းအား သုံးစွဲခြင်းကလည်း မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေမည်မဟုတ်ကြောင်း ၎င်းတို့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအား ယခုကိစ္စရပ်နှင့် ထင်မြင်ချက် တောင်းခံရာတွင် ငြင်းဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေးမြန်းရန်သာ ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံစဉ်အခါက ရိုဟင်ဂျာဟူသော အသုံးအနှုန်းအား မသုံးစွဲရန် တိုက်တွန်းခဲ့ခြင်း ရှိမရှိ သံအမတ်ကြီး Marciel အား မေးမြန်းရာတွင် သီးသန့်သံတမန်စကားပြောဆိုမှုဖြစ်ခြင်းကြောင့် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...