ရခိုင်စစ်ဘေးရှောင်များကို အကူအညီပေးရေး အဆို ဆက်ဆွေးနွေးရန် လွှတ်တော် ဆုံးဖြတ်

ရခိုင်စစ်ဘေးရှောင်များကို အကူအညီပေးရေး အဆို ဆက်ဆွေးနွေးရန် လွှတ်တော် ဆုံးဖြတ်
by -
မဇ္စျိမ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် AA လက်နက်ကိုင်များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် ၂၀၀၀ ခန့်ကို ပြည်နယ်အစိုးရမှ အကူအညီပေးနိုင်ရေး အရေးကြီးအဆိုကို ဆက်ဆွေးနွေးရန် မေ ၁၀ရက် ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်သည်။

“မကြာခင် မိုးတွင်းကာလကို ရောက်ကြပါတော့မယ်။ စစ်ဘေးရှောင်တွေဟာ အဲဒီအချိန်ထိ နေရပ်မပြန်နိုင်ကြသေးရင် ဒုက္ခရောက်ကြမှာပါ။ ကျောင်းဖွင့်ချိန်လည်း နီးလာပါပြီ။ သူတို့တွေနေထိုင်ကြရတာကလည်း စာသင်ကျောင်းတွေပါ ပါဝင်တယ်ဆိုတော့ အရမ်းကို အခက်ခဲဖြစ်ကြမှာပါ" ဟု အဆိုရှင် ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ရခိုင်အမျိုးသားပါတီမှ ဦးကျော်လွင်က မဇ္ဈိမကို ပြောသည်။

ဦးကျော်လွင်၏ အဆိုနှင့် ပတ်သက်၍ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက “စစ်ဘေးဒုက္ခသည်များကို ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့လည်း အချိန်နဲ့တပြေးညီ ကူညီထောက်ပံ့ပေးထားပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ကျွန်တော်တို့ဆီက ခွင့်ပြုချက်တွေ ယူပြီးတော့ ကူညီထောက်ပံ့နေမှုတွေရှိကြပါတယ်။ ကျနော်တို့အနေနဲ့ ဒီအဆိုကို မကန့်ကွက်ပါဘူး" ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှ ၁၈၁၀ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၃၈၀ ဦး၊ ကျောက်တော်မြို့နယ်မှ ၆၂ ဦး၊ ရသေ့တောင်မြို့နယ်မှ ၃၈၇ ဦး စုစုပေါင်း ၂၆၃၉ ဦးထိ မေလ ၉ ရက်နေ့ထိ စာရင်းကောက်ခံရရှိထားကြောင်း ဦးကျော်လွင်က ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ (ဓာတ်ပုံ - ကျော်မင်း/မဇ္စျိမ)

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...