KIA တပ်မဟာ၂ လက်အောက်ခံတပ်ရင်းဌာနချုပ်အနီးတွင် တိုက်ပွဲဖြစ်

KIA တပ်မဟာ၂ လက်အောက်ခံတပ်ရင်းဌာနချုပ်အနီးတွင် တိုက်ပွဲဖြစ်
by -
မဇ္စျိမ
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြံုရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - မင်းမင်း
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြံုရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - မင်းမင်း
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ လက်အောက်ခံတပ်ရင်း ၆ ဌာနချုပ်နေရာ အနီးတစ်ဝုုိက်တွင် မြန်မာ့တပ်မတော်တုုိ့ အကြား မေ ၁၀ ရက်နေ့ မွန်လွဲပုုိင်းကစတင်ကာ တုုိက်ပွဲ ဖြစ်ပွားနေကြောင်းသိရသည်။

မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီး အလုံုး ၂၀ ကျော်ထိ ပစ်ခတ် တုုိက်ခုုိက်နေပြီး တုုိက်ပွဲများ ပြင်းထန်နေသည်ဟုု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗုုိလ်မှူး တန်ဆုုိင်းက ပြောသည်။

“မနေ့ကလည်း တစ်နေကုုန်ဖြစ်တယ်။ ဒီနေ့လည်း ၁၂ နာရီကတည်းကနေ ခုုထိ(မွန်းလွဲ၁ နာရီခွဲ)ချိန်ထိ ဖြစ်ပွားနေတုုန်းပဲ။ ကျွန်တော်တုုိ့ ရင်း ၆ ဌာနချုပ် ပတ်ဝန်းကျင်မှာ တုုိက်ပွဲ ဖြစ်နေတယ်”ဟုု သူက မွန်းလွဲ ၁ နာရီကျော်ချိန်တွင် မဇ္စျိမကုုိ ပြောသည်။

မြန်မာ့တပ်မတော်ဘက် မြောက်ပုုိင်းတုုိင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ ၄၂၄၊ ၄၂၅ ၊ မုုိးကောင်းအခြေစုုိက် စကခ ၃ နှင့် ဖယ်ခုံုအခြေစုုိက် စကခ ရ လက်အောက်ခံ တပ်ရင်း ရ ရင်းခန့်တိုု့မှ စစ်အင်အား ၅၀၀ ခန့် ထုုိးစစ်ဆင်တုုိက်ခုုိက်နေသဖြင့် KIA ဘက်မှ ခုုခံ တုုိက်ခုုိက်နေသည်ဟုု သူက ပြောသည်။

မေ ရ ရက်တွင် မြန်မာ့တပ်မတော်ဘက်မှ တပ်ရင်း ၂ ခုုဖြင့်သာ စတင်တုုိက်ခုုိက်ခဲ့ပြီး မေလ ၈ ရက်နေ့မှစတင်၍ အင်အား ၅၀၀ ထပ်မံ ဖြည့်တင်းလာသဖြင့် လက်ရှိ မြန်မာ့တပ်မတော်အင်အား ရ၀၀ ခန့်ဖြင့် ထုုိးစစ်ဆင်တုုိက်ခုုိက်နေသည်ဟုု သူက ပြောသည်။

“ကျွန်တော်တိုု့လည်း ပစ်ပြီ။ အခုုက တုုိက်ပွဲဖြစ်ပြီ။ ဖားကန့်လမ်းတွေလည်း အဝင်၊ အထွက် ကားလမ်းအကုုန်ပိတ်တော့မယ်။ ဖားကန့်လမ်း၊ ဂွေခါလမ်းတွေ အကုုန်ပိတ်တော့မယ်”ဟုု သူက ပြောသည်။

မေလ ၉ ရက်နေ့ ဖြစ်ပွားသော တုုိက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တုုိက်ခုုိက်ခဲ့သဖြင့် KIA တပ်ရင်း ၆ ၏ တပ်ခွဲအဆင့် ရှေ့တန်းစခန်းငယ် အောင်လန်း(Aung len)နှင့် လောဒ်လ(lawt la) တို့မှ ဆုုတ်ခွာခဲ့ရသည်ဟုု သူက ပြောသည်။

မေလ ရ ရက်နေ့ တုုိက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစ၍ လက်ရှိ တုုိက်ပွဲဖြစ်ပွားနေသော အောင်လန်၊ နော်လန်း၊ နမ့်ဆန် ၃ စသည့် ကျေးရွာများမှ ဒေသခံ ၁၆၀ ကျော်သည်လည်း ဖားကန့်၊ လုံုးခင်း စစ်ပြေးဒုုက္ခသည် စခန်းများသုုိ့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟုု သိရသည်။

ယခုုကဲ့သုုိ့ တုုိက်ပွဲ ဖြစ်ပွားရခြင်းသည် တပ်မတော်မှ ရည်ရွယ်ချက် ရှိရှိဖြင့် KIA ကုုိ တုုိက်ခုုိက်နေခြင်း ဖြစ်သည်ဟုု ယူဆကာ နှစ်ဖက်ကြား ညှိနှိုင်းဆွေးနွေးခြင်းလည်း လတ်တလော အခြေအနေတွင် မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမုုိင်ဂွမ်ဂျာက ပြောသည်။

“ညှိနှိုင်းဖုုိ့ဘာမှ မရှိဘူး။ တုုိက်ပွဲကတော့ ပြင်းထန်လာမယ့် အခြေအနေရှိနေတယ်။ တပ်မတော်က ရည်ရွယ်ချက် ရှိရှိနဲ့ တုုိက်ပွဲဖြစ်လာတာပဲ။ စစ်ဆင်ရေးလုုပ်ဖုုိ့ ရှိနေလိုု့ ခုုလုုိ တုုိက်ပွဲ ဖြစ်လာတယ်လုုိ့ မြင်တယ်။ အစုုိးရကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖိုု့လုုပ်မယ်လုုိ့ ပြောထားတဲ့ကြားက ခုုလုုိ တုုိက်ပွဲ ပြန်ဖြစ်လာတော့ စစ်တပ်က ငြိမ်းချမ်းရေး မလုုိချင်လုုိ့လား မပြောတတ်တော့ဘူး”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

တုုိက်ပွဲဖြစ်ပွားနေမှုနှင့်ပတ်သက်၍ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရန်အတွက် ယခင်အစုုိးရဟောင်းနှင့် KIO တုုိ့ ဖွဲ့စည်းထားသော ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကုုိလည်း မတ် ၂၉ ရက်စွဲဖြင့် ဖျက်သိမ်းလုုိက်ပြီ ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...