“RCSS TNLA တုုိ့အကြား တကျော့ပြန် ပြန်လည် ဖြစ်ပွားသေ လက်နက်ကုုိင် ပဋိပက္ခများကုုိ နှစ်ဖက် စစ်ရေးနည်းဖြင့် မဖြေရှင်းကြဘဲ ငြိမ်းချမ်းသော တွေ့ဆုံုဆွေးနွေးခြင်းနည်းလမ်းဖြင့် အမြန်ဆုံုး အဖြေရှာကြရန် အလေးအနက် ထပ်မံ တုုိက်တွန်းအပ်ပါကြောင်း” ဟုု မေရ ရက်က ကြေငြာချက် ထုုတ်ပြန်လုုိက်ခြင်း ဖြစ်သည်။
လက်ရှိ အဆုုိပါ လက်နက်ကုုိင် အဖွဲ့နှစ်ဖွဲ့ ပဋိပက္ခတွင် များသောအားဖြင့် SSPP ထိန်းချုပ်နယ်မြေအတွင်း ဖြစ်သောကြောင့် ၄င်းတုုိ့ဘက်က ပဋိပက္ခ ပုုိမုုိမကျယ်ပြန့်စေရန် ထိန်းသိမ်းခဲ့ရသည့်အပြင် တစ်ဖက်ဖက်အား ပါဝင်စွက်ဖက်ခြင်း၊ အားပေးခြင်း မပြုလုုပ်ဘဲ အတတ်နုုိင်ဆုံုး ရှောင်ရှားခဲ့သည်ဟုု ပါရှိသည်။
ယခုုအချိန်တွင် နုုိင်ငံရေးပြဿနာကုုိ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် အထူးရှောင်ရှားရန် လုုိအပ်ပြီး နုုိင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည့် ပြည်ထောင်စုုကြီးအတွက် အလွန်အရေးကြီးသည့်အချိန်တွင် ယခုုကဲ့သုုိ့ လက်နက်ကုုိင် ပဋိပက္ခ ပြန်လည် ဖြစ်ပွားခြင်းသည် တုုိင်းရင်းသား လူမျိုးစုုများ၏ အဓိက ရည်မှန်းချက် ပန်းတုုိင်ဖြစ်သော စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုုကြီး တည်ဆောက်နုုိင်ရေးကိုု နှောင့်နှေးမှုများ ဖြစ်ပေါ်စေပါသည်ဟုု ဆုုိထားသည်။
တစ်မြေတည်းနေ တစ်ရေတည်းသောက် တုုိင်းရင်းသား အချင်းချင်းကြား ပြဿနာများကုုိ လက်နက်ကုုိင််နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် နှစ်ဖက် ထိခုုိက်ဆုံုးရှုံုုးမှုရှိသည့်အပြင် ဒေသခံ ပြည်သူများ အုုိးအိမ်စည်းစိမ် လုံုခြံုရေးကုုိ အထူးစုုိးရိမ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
တုုိက်ပွဲကြောင့် ကျောက်မဲမြို့ ဘုုန်းကြီးကျောင်းများတွင် စစ်ပြေးဒုုက္ခသည် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေပြီ ဖြစ်သည်။
နှစ်ဖက် တွေ့ဆုံုဆွေးနွေးရန်အတွက် RCSS ဘက်မှ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် တွေ့ဆုံုရန် အဆုုိပြုထားသလုုိ၊ TNLA ဘက်မှလည်း တရုုတ်နယ်စပ် မုုိင်းလားဒေသတွင် တွေ့ဆုံုရန် ပြောဆုုိထားသဖြင့် တွေ့ဆုံုမည့် နေရာကုုိ နှစ်ဘက် သဘောတူညီမှုမရသေးကြောင်း ကြားဝင် ဆောင်ရွက်ပေးနေသော ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဖွဲ့စည်းထားသော ငါးဦးကော်မတီမှ ဦးထွန်းဇော်က မကြာမီက မဇ္စျိမကိုု ပြောဆုုိထားသည်။
RCSS နှင့် TNLA တုုိ့အကြား မေ ၁ ရက်မှ ယနေ့ မေ ရ ရက်ထိ မန်တုံု၊ နမ့်ခမ်း၊ ကျောက်မဲ စသည့် မြို့နယ်များတွင် တုုိက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ မေ ရ ရက် နံနက်ပုုိင်းတွင် နမ့်ဆန်နှင့် သီပေါမြို့နယ်အစပ် သီပေါမြို့နယ် ထန်ဆန့်ကျေး ရွာအထက်တွင် တုုိက်ပွဲ ဖြစ်ပွားခဲ့သည်ဟုု TNLA မှ ပြန်ကြားရေးတာဝန်ခံ မုုိင်အုုိက်ကျော်က မဇ္စျိမကုုိ ပြောသည်။







