ဖားကန့်ဘက် KIA နှင့် တပ်မတော် တုုိက်ပွဲ တကျော့ပြန် ဖြစ်ပွား

ဖားကန့်ဘက် KIA နှင့် တပ်မတော် တုုိက်ပွဲ တကျော့ပြန် ဖြစ်ပွား
by -
မဇ္စျိမ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တုုိ့ မေလ ၅ ရက်က တုုိက်ပွဲ တကျော့ပြန် ဖြစ်ပွားနေကြောင်းသိရသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေ ကပ်မော်ဘက်သုုိ့ မြန်မာ့တပ်မတော်နှင့် ရှမ်းနီ ပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၁၀၀ ခန့်က ထုုိးစစ်ဆင်ဝင်ရောက်လာသဖြင့် မွန်လွဲပုုိင်း ၁ နာရီခွဲတွင် တစ်ကြိမ်၊ ညနေပုုိင်း ၄ နာရီခွဲတွင် တစ်ကြိမ် KIA တပ်ဖွဲ့များ ရင်ဆုုိင်တိုုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟုု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗုုိလ်မှူး တန်ဆုုိင်းက ပြောသည်။

“စပေါ်မှော် ကျွန်တော်တိုု့ တပ်ရှိတဲ့ဘက်ကုုိ စစ်တပ်က ထုုိးစစ်တင်လာ နှစ်ကြိမ် တုုိက်ပွဲတယ်။ တုုိက်ပွဲက သိပ်တော့ မပြင်းထန်ဘူး။ ရင်ဆုုိင်တုုိက်ပွဲပဲ ဖြစ်တာ။ နမ့်ယာ၊ ကပ်မှော်နားမှာ ရှမ်းနီနဲ့ တပ်မတော် စုပေါင်းပြီး အင်အား ၁၀၀ လောက် တက်လာလုုိ့ တုုိက်ပွဲ ဖြစ်လာတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ညနေပုုိင်းထိ အဆုုိပါ မြန်မာ့တပ်မတော်နှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်းတပ်များသည် တုုိက်ပွဲ ဖြစ်ပွားရာ နေရာအနီးတဝိုုက်တွင် ရှိနေဆဲ ဖြစ်၍ တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟုု သူက ပြောသည်။

“ဘယ်လုုိ ဖြစ်လာမလဲ မသိဘူး။ သူတိုု့က ဆုုတ်ခွာသွားတာ မရှိဘူး။ အဲဒီပတ်ဝန်းကျင်မှာပဲ ရှိနေသေးတယ်။ သူတိုု့ ဆက် တက်လာ ရင်တော့ တုုိက်ပွဲ ထပ်ဖြစ်လာနိုင်တယ်။ တက်လာရင်တော့ ကျွန်တော်တုုိ့လှမ်းပစ်မှာဘဲ”ဟု ဗုုိလ်မှူး တန်ဆုုိင်းက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း KIA တပ်ရင်း ၆ နှင့် မြန်မာ့တပ်မတော်တုု့ိအကြား နမ့်ယားကျေးရွာအနီးတွင် တုုိက်ပွဲ ဖြစ်ပွားနေသည်ဟုု ကြားသိရသော်လည်း အခြေအနေ အသေးစိတ်မသိရသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမုုိင်ဂွမ်ဂျာက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ရ ရက်ကလည်း KIA ဌာနချုပ် လုုိင်ဇာအနီး KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ ၏ ရှေ့တန်းစခန်းသုုိ့ မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အလားတူ ရှမ်းပြည်နယ်မြောက်ပုုိင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းများတွင်လည်း နေ့စဉ်ဆုုိသလုုိ တုုိက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟုု သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...