ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲ အနာဂတ်အတွက် ထိခိုက်နိုင်ဟု ဒုသမ္မတဟောင်းပြော

ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲ အနာဂတ်အတွက် ထိခိုက်နိုင်ဟု ဒုသမ္မတဟောင်းပြော
by -
မဇ္စျိမ
နေပြည်တော်(မေလ ၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့အား ရာထူးအပြောင်းအလဲပြုလုပ်မှုမှအစပြုကာ လက်ရှိအနေထားသည် လာမည့်ရွေးကောက်ပွဲများအပါအဝင် အနာဂတ်အတွက် ထိခိုက်မှုများရှိလာနိုင်သည်ဟု ဒုတိယသမ္မတဟောင်းဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်းက ပြောဆိုလိုက်သည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို သမ္မတဟောင်း ဦးသိန်းစိန် ပြန်လည်ကိုင်တွယ်အပြီး ရက်ပိုင်းအတွင်း လူသိများသည့် ပြည်ခိုင်ဖြိုးခေါင်းဆောင် ၁၇ ဦးကို ပါတီမှ ထုတ်ပယ်လိုက်မှုအပေါ် ရည်ညွှန်းကာ ဒေါက်တာစိုင်းမောက်ခမ်းက သုံးသပ်လိုက်ခြင်းဖြစ်သည်။

"တစ်ယောက်တစ်ဖက်စီ ဖြစ်နေလို့ရှိရင်တော့ အနည်းနဲ့အများတော့ ထိခိုက်နိုင်ပါတယ်။ မဟုတ်ဘူးလား၊ စဉ်းစားကြည့်လေ" ဟု ဒုတိယသမ္မတဟောင်းဖြစ်သူ လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိုင်းမောက်ခမ်းက မေလ ၅ရက်တွင် ပြောသည်။

သမ္မတရာထူးမှ အနားယူပြီးနောက် ပါတီဥက္ကဋ္ဌ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နေသည့် ဦးသိန်းစိန် ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ပြန်လည်ရုံးတက်ပြီး နှစ်ရက်အကြာ ဧပြီလ ၂၂ရက်တွင် အစည်းအဝေးပြုလုပ်ပြီးနောက် သူရဦးရွှေမန်းအပါအဝင် ၁၇ဦးကို ပါတီမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ၁၇ဦးအား ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ညီညွတ်မှုမရှိသောကြောင့် ပါတီမှ အနားပေးလိုက်ခြင်းဖြစ်သည်ဟု ပါတီ၏ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ဧပြီလ ၂၃ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

ထုတ်ပယ်ခံရသူများက ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို မေလ နောက်ဆုံးပတ်နောက်ဆုံးထား ပြုလုပ်ကာ အရေးပေါ်ပါတီညီလာခံတစ်ရပ်ခေါ်ယူပေးရန် တောင်းဆိုထားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ အကွဲအပြဲသည် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း စတင်ခဲ့ပြီး ပါတီတွင်း အာဏာသိမ်းမှုဟု လူသိများခဲ့သည့် ဩဂုတ်လ ၁၂ရက်နေ့ညတွင် ပေါ်ပေါက်ခဲ့ပြီးနောက် သူရဦးရွှေမန်းကို ပူးတွဲဥက္ကဋ္ဌအဖြစ်မှ ရပ်စဲခဲ့သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...