ယင်းဥပဒေကြမ်းတွင် ဆန္ဒဖော်ထုတ်သူများအနေဖြင့် သက်ဆိုင်ရာမြို ့နယ်ရဲတပ်ဖွဲ ့မှူးထံ ခွင့်ပြုမိန် ့တောင်းခံလျှောက်ထားခြင်း ဆိုသည့်အစား သက်ဆိုင်ရာမြို ့နယ်ရဲတပ်ဖွဲ မှူးထံသို ့၄၈ နာရီကြိုတင် အသိပေးတင်ပြပေးရန် ဆိုသည့်စာသားကိုပြင်ဆင်ထားသည်။
“ဒီမိုကရေစီစံနှုန်းတွေနဲ ့အညီ ခွင့်ပြုမိန် ့ခွင့်ပြုချက်တွေအစားပြည်သူလူထုက ဖွဲ ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့်တာဝန်များအခန်းပါ ပုဒ်မ ၃၄၇ မှာပြဌာန်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ အခွင့်အရေးတွေကို စနစ်တကျရယူသုံးစွဲဆောင်ရွက်နိုင်ရန်အတွက် ဒီဥပဒေကို တင်သွင်းရခြင်းဖြစ်ပါတယ် ” ဟု ဥပကြေမ်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။
ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၅) နှင့် ယင်းဥပဒေကိုပြန်လည်ပြင်ဆင်သည့် ဥပဒေဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၆) အရပြဌာန်းခဲ့သည့် ခွင့်ပြုမိန် ့တောင်းခံရန်လိုသည့် ငြိမ်းစုစီဥပဒေကို ပထမအကြိမ်လွှတ်တော်တွင် ပြဌာန်းထား ခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေပါပြဌာန်းချက်များအရ ဆန္ဒဖော်ထုတ်မည့်သူများအနေဖြင့် မြို ့နယ်ရဲတပ်ဖွဲ ့မှူးထံသို ့ ငါးရက်ကြိုတင်အကြောင်းကြား ရမည်ဖြစ်ပြီး ခွင့်ပြုမိန် ့မရရှိဘဲ ဆန္ဒဖော်ထုတ်ပါက တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။
ယခုငြိမ်းစုစီဥပဒေကြမ်းအသစ်တွင် ခွင့်ပြုမိန် ့တောင်းခံရန်မလိုသော်လည်း ဥပဒေပါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာခြင်းမရှိပါ က ပထမအကြိမ်တွင် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ သုံးသောင်းထက်မပိုသော ဒဏ်ငွေဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ၊ ထပ်မံကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည်ဟု ယင်းဥပဒေကြမ်းတွင် ပါရှိသည်။
ယခုပြဌာန်းမည့် ငြိမ်းစုစီဥပဒေပါပြဌာန်းချက်တစ်ခုကို ဖောက်ဖျက်ကျူးလွန်သူကို သက်ဆိုင်ရာတရားရုံးသို ့ ၁၅ ရက်အတွင်းတရားစွဲဆို သွားရမည်ဖြစ်ပြီး တရားစွဲဆိုရာတွင် ပြစ်မှုကို ကျူးလွန်သူအား ပြစ်မှုစတင် ဖောက်ဖျက်ကျူးလွန်သည့် မြို ့နယ်တရားရုံးကသာစီရင်ခွင့်ရှိ သည်ဟု ဥပဒေကြမ်းအသစ်တွင် ပါရှိသည်။
ပထမအကြိမ်ပြည်ထောင််စုလွှတ်တော်က ပြဌာန်းခဲ့သည့် ငြိမ်းစုစီဥပဒေတွင် အခန်း (၈) ခန်းပါရှိပြီး ယခုငြိမ်းစုစီဥပဒေကြမ်းအသစ်တွင် လည်း အခန်း(၈) ခန်းဖြင့် ပြဌာန်းထားသည်။
ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ကပြဌာန်းခဲ့သည့် ငြိမ်းစုစီဥပဒေပါ အခန်း (၃) ခွင့်ပြုမိန် ့တောင်းခံခြင်းဆိုသည့်အစား ယခုဥပဒေကြမ်းအသစ်တွင် အခန်း ( ၃) အသိပေးတင်ပြခြင်းဟုလည်းကောင်း ၊ အခန်း (၄) ခွင့်ပြုမိိန် ့ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း ဆိုသည့်အစား ယခုဥပဒေကြမ်းအသစ်တွင် (၄) အသိပေးတင်ပြချက်ကိုလက်ခံဆောင်ရွက်ခြင်းဟု ပါရှိသည်။







