AAလက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ဟု ကာကွယ်ရေးဝန်ကြီးပြော

AAလက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ဟု ကာကွယ်ရေးဝန်ကြီးပြော
by -
မဇ္စျိမ
AA လက်နက်ကိုင်အဖွဲ ့သည် ဒီမိုကရေစီစနစ်ကို ဆန့်ကျင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိသမ္မတဦးထင်ကျော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို ့ကို ဦးစားပေးဆောင်ရွက်နေသည်ကို သိရှိလျက်ဖြင့် နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့်သည့် ကိစ္စဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက လွှတ်တော်တွင်ပြောသည်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် တင်သွင်းခဲ့သည့် တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ ့တို ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင် အဖွဲ ့ကို နိုင်ငံရေးအရဆွေးနွေးပွဲသို ့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အရေးကြီး အဆိုအပေါ် မေ ၄ ရက်နေ့က ကျင်းပသည့် လွှတ်တော်တွင် လာရောက်ရှင်းလင်းရာတွင် ယခုကဲ့သို ့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တစ်နည်းအားဖြင့်ပြောရလျှင် AA လက်နက်ကိုင်အဖွဲ ့ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင် တိုက်ခိုက်နေခြင်းပဲဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်မှာဖြစ်သင့်ဖြစ်ထိုက်သော မိမိတို ့ရဲ ့လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတဆင့် တင်ပြဆောင်ရွက်ခွင့် ရရှိနေပြီဖြစ်ပါတယ် ။ ထို ့အပြင် လက်ရှိသမ္မတ ဦးထင်ကျော်ဦးစီးတဲ့နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို ့ကို ဦးစားပေးဆောင်ရွက်နေသည်ကို အားလုံးလည်းသိရှိပြီး ဖြစ်ပါလျက် ယခုကဲ့သို ့နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့် မဖြစ်ထိုက်သော ကိစ္စတစ်ရပ်သာဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါတယ် ” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကပြောသည်။

စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း ၊ လွှတ်တော်တွင်အရေးကြီးအဆိုတင်သွင်းခြင်း တို ့သည် လက်ရှိသမ္မတဦးထင်ကျော်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရကို နိုင်ငံရေး အကျပ်အတည်းတစ်ရပ်ဖြစ်ပေါ်စေရန် ပုံဖော်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကပြောသည်။

ပြည်တွင်းစစ်မီးငြိမ်းပြီး အေးချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ သိမ်မွေ ့နက်နဲ ပြီး လက်တွေ ့ဖြစ်နိုင်သည့် မူဘောင်အတွင်းမှ တည်တံ့ခိုင်မာသော သဘောတူညီမှုရရှိရေးအတွက် အလေးအနက်စဉ်းစားရမည်ဖြစ်သဖြင့် အရေးကြီးအဆိုကို မှတ်တမ်းအဖြစ်သာထားရှိသင့်သည်ဟု NLD အမတ် ဦးမင်းဦးကဆွေးနွေးခဲ့သည်။

ယင်းအဆို်အပေါ်လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးကဆွေးနွေးခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းပြီးနောက် အဆိုကို အတည်ပြုရန် သို့မဟုတ် မှတ်တမ်းတင်ရန် လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခဲ့ရာ မှတ်တမ်းတင်ရန် ကိုယ်စားလှယ်အများစုက ထောက်ခံခဲ့သဖြင့် ဦးဝေစိန်အောင်တင်သွင်းသည့် အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...