စားဝတ်နေရေး အခက်အခဲ ဖြစ်နေသလုုိ၊ နေရန် အဆောက်အအုံုများ ပြန်လည် ဆောက်လုုပ်ရန် လုုိအပ်နေပြီး ၄င်းတုုိ့စာဝတ်နေရေးအတွက် တစ်ဖက်တလမ်းမှ ကူညီရန် နုုိင်ငံကျော် အဆုုိတော်များနှင့် တအာင်းအနုုပညာရှင် အသုုိင်းအဝုုိင်းမှ စုုပေါင်း၍ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ မုုိင်းနုုိင်နုုိင်ဦးက ပြောသည်။
“သူတိုု့ စားသောက်ဖုုိ့ စားနပ်ရိက္ခာအတွက် ပထမ တစ်ချက်၊ ဒုုတိယက နေရာထုုိင်ခင်းပေါ့ သူတုုိ့ နေထုုိင်တဲ ့တဲတွေက မုုိးရာသီရောက်တာနဲ့ အမုုိးမလုံုတာတိုု့၊ အကာမလုံုတာတိုု့ ရှိတယ်။ တတိယက ဝင်ငွေမရှိဘူးဆုုိတာထက် အလုုပ်အကုုိင်ကုုိက မရှိတော့ အဆင်မပြေကြဘူး။ သူတုုိ့က အိမ်ပြန်ချင်တယ်။ အိမ်ပြန်မှဘဲ လက်ဖက်ခူးတာတုုိ့၊ တောင်ယာလုုပ်တာတုုိ့ လုုပ်ပြီး ပုုိက်ဆံရတဲ့နည်းလမ်းရှိမယ်။ သူတိုု့ လုုပ်ကုုိင်စားသောက်ဖုုိ့လည်း မြေနေရာလည်း မရှိတော့ အဲဒီလုုိ အခက်အခဲတွေရှိပါတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
လက်ရှိ ၄င်းတိုု့ ကောက်ခံရရှိသည့် စာရင်းများအရ စစ်ပြေးဒုုက္ခသည်ပေါင်း (၁၀၁၃၂ )ဦး ထွက်ပြေးတိမ်းရှောင်နေရသလုုိ၊ တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် လတ်တလော အခက်အခဲများ ကူညီထောက်ပံ့ပေးရန်အတွက် ကျင်းပရခြင်း ဖြစ်သည်ဟုု သူက ပြောသည်။
စစ်ဘေးဒုုက္ခသည်များအတွက် ရေရှည် လုုပ်ကုုိင်စားသောက်နုုိင်ရန် မြေကွက်များ၊ စားနပ်ရိက္ခာများ၊ မုုိးတွင်းကာလတွင် အသုံုးပြုရန် သွပ်မုုိးများ၊ သောက်သုံုးရေ၊ နေရာထုုိင်ခင်းများနှင့် ပြန်လည် ထူထောင်ရေးအတွက် ငွေကြေးအထောက်အပံ့များ လုုိအပ်လျှက်ရှိသည်ဟုု သိရသည်။
ရှမ်းပြည်နယ်မြောက်ပုုိင်း ကွတ်ခုုိင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နမ္မတူ၊ လားရှိုး၊ လောက်ကုုိင်၊ မန်တုံုနှင့် မုုိင်းရှူး စသည့် မြို့နယ်များတွင် စစ်ပြေးဒုုက္ခသည်များ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုု သူက ဆုုိသည်။
ထုုိ့ကြောင့် ရန်ကုုန်မြို့ရှိ MCC Hall တွင် ရန်ပုံုငွေရှာဖွေပွဲ အစီအစဉ်ကုုိ ကျင်းပမည် ဖြစ်ပြီး တအာင်းရိုုးရာ အကပဒေသာများနှင့် အခြားတုုိင်းရင်းသား အကပဒေသာများလည်း ပါဝင် သီဆုုိ ကပြဖျော်ဖြေသွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပုုိင်းဒေသတွင်၂၀၁၂ ခုုနှစ်မှစတင်၍ မြန်မာ့တပ်မတော်နှင့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများအကြား တုုိက်ပွဲ ဖြစ်ပွားခဲ့သလုုိ၊ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်၍ နုုိင်ငံတကာ အသုုိင်းအဝန်းနှင့် မြန်မာပြည်သူအပေါင်းတုုိ့မှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ပါဝင်ကူညီလှူဒါန်းနုုိင်လိမ့်မည်ဟုု မျော်လင့်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ယခင်အစုုိးရနှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲခြင်းမရှိသေးသော TNLA တပ်အကြား တုုိက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး လက်ရှိ ရှမ်းပြည်နယ်မြောက်ပုုိင်း နမ့်ခမ်း၊ မုုိင်းတုံုနှင့် ကျောက်မဲမြို့နယ်များအတွင်း တအာင်းအမျိုသား လွတ်မြောက်ရေး တပ်(TNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) တုုိ့အကြား မေလ ၁ ရက်မှ ယနေ့ မေလ ၄ ရက်ထိ တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟုု သိရသည်။







