နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ထပ်မံဖွဲ့စည်းမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ထပ်မံဖွဲ့စည်းမည်
by -
မဇ္စျိမ
 နေပြည်တော်(မေ ၄ရက်၊ ၂၀၁၆ခုနှစ်)။ ။ အရပ်သားအစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၂၁ခုကို ဖွဲ့စည်းထားရှိရာမှ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန" အမည်ဖြင့် ဝန်ကြီးဌာနအသစ်တစ်ခုကို ထပ်မံဖွဲ့စည်းသွားမည်ဟု ပြည်ထောင်စုအစိုးရနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဝန်ကြီးဌာနတစ်ခု ထပ်မံဖွဲ့စည်းရန် မေလ ၅ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယက က လွှတ်တော်အမတ်များထံ တင်ပြမည်ဖြစ်သည်ဟု လွှတ်တော်အစည်းအဝေးအစီအစဉ် လျာထားချက်တွင် ပါရှိသည်။

မေလ ၅ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအစီအစဉ် ၁၃တွင် "နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ဝန်ကြီးဌာနတစ်ခု ထပ်မံဖွဲ့စည်းရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နယက က လွှတ်တော်သို့ တင်ပြခြင်း" ဟူ၍ ပါရှိသည်။

လက်ရှိတွင် "နိုင်ငံတော်၏ အတိုင်ပင်ခံဆိုင်ရာပုဂ္ဂိုလ်" အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...