၂၁ရာစု ပင်လုံညီလာခံအတွက် KNU နှင့် RCSS တွေ့ဆုံဆွေးနွေး

၂၁ရာစု ပင်လုံညီလာခံအတွက် KNU နှင့် RCSS တွေ့ဆုံဆွေးနွေး
by -
မဇ္စျိမ
၂၁ ရာစုုပင် လုံုညီလာခံနှင့် ဖက်ဒရယ်နှင့် ပတ်သက်၍ ယခင်အစုုိးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထုုိးထားသော ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)တုုိ့ ထိုင်းနိုင်ငံ ချင်းမုုိင်မြို့တွင် တွေ့ဆုံဆွေးနွေးသည်။

မြန်မာနုုိင်ငံတော် အတုုိင်ပင်ခံ ပုုဂ္ဂိုလ် ဒေါ်အေင်ဆန်းစုုကြည်က ဧပြီ၂၇ ရက်က ပြုလုုပ်သော အပစ်အခတ် ရပ်စဲရေးဆုုိင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC-U) အစည်းအဝေးတွင် ၂၁ ရာစုုပင်လုံု ညီလာခံကုုိ တစ်လ၊ နှစ်လအတွင်း ကျင်းပ လုုိကြောင်း ပြောဆုုိခဲ့ပြီးနောက် ဧပြီ ၃၀ ရက်မှစတင်ကာ နှစ်ဖက် ခေါင်းဆောင်များ ဆွေးနွေးနေခြင်း ဖြစ်သည်။

အစုုိးရ သစ်နှင့် နုုိင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်မူနှင့် ၂၁ ပင်လုံု ညီလာခံတွင် တင်ပြနုုိင်မည့် အချက်များကုုိ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများဘက်မှ ပင်လုံု ညီလာခံအတွင်း တင်ပြဆွေးနွေးရန် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုု RCSS/SSAကဒုုဗုုိလ်မှူးကြီး စုုိင်မိဏ်းက ပြောသည်။

“အစိုုးရ သစ်နဲ့ နုုိင်ငံရေးဆွေးနွေးပွဲတွေကိုု ဘယ်လုုိ ပြန်ပြီး စတင်မယ်ဆုုိတာ တစ်ချက်၊ နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုုကြည်က လည်း ပင်လုံု ညီလာခံကုုိ နှစ်လအတွင်းမှာ ဆွေးနွေးမယ်ဆုုိတဲ့ အပေါ်မှာ ကျနော်တိုု့ အမြင် သဘောထားအနေနဲ့ ပထမ ပင်လုံုဆုုိတဲ့ နေရာမှာ ဖက်ဒရယ်ကုုိ ဦးတည်ပြီး တည်ဆောက်လာခဲ့တဲ့ ပင်လုံုပေါ့နော်။ အခုု ထပ်ပြီးတော့ သွားမယ့် ပင်လုံုဟာ ဘယ်လုုိ ပင်လုံုမျိုးလဲဆုုိတဲ့ အချက်တွေကုုိ ဆွေးနွေးတာ ဖြစ်တယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

ထုုိ့ပြင် ယခင်အစုုိးရနှင့် သဘောတူညီခဲ့သော NCA တွင် ပါဝင်သော အကောင်အထည်ဖော်ရာတွင် လုုပ်ငန်းပုုိင်းဆုုိင်ရာ အခက်အခဲများ အပေါ် ပြန်လည် သုံုးသပ်ခဲ့ကြသည်ဟုု သူက ပြောသည်။

ထုုိဆွေးနွေးပွဲသုုိ့ KNU ဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး မူတူးစေးဖုုိး ဦးဆောင်သောအဖွဲ့နှင့်RCSS/SSA ဒုုဗုုိလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော ကုုိယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။

KNUနှင့် RCSS/SSA တိုု့သည် ယခင်အစုုိးရနှင့် NCA တွင် လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့မှ ဖွဲ့စည်းလုုိက်သည့် တုုိင်းရင်းသား လက်နက်ကုုိင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့(EAO-PPST)ဦးဆောင်သည့် အဖွဲ့နှစ်ဖွဲ့လည်း ဖြစ်သည်။

ဆွေးနွေးမှုကုုိ မနက်ဖြန် မေလ ၂ ရက်ထိ ပင်လုံုကတိကဝတ်၊ ပင်လုံု စာချုပ်နှင့် ပင်လုံုစိတ်ဓါတ် ဟူသော သဘောထား များအပေါ် ပြန်ပြီး သုံုးသပ်ဆွေးနွေးကြမည် ဖြစ်ကြောင်း ဒုုဗုုိလ်မှူးကြီး စုုိင်မိဏ်းက ပြောသည်။

ဆွတ်ဇာလန်နုုိင်ငံမှ ပညာရှင် တစ်ဦးက တခြားနုုိင်ငံ ၂၇ နုုိင်ငံမှ ဖက်ဒရယ်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်ဟုု RCSS/SSA ၏ အကြံပေး ပုုဂ္ဂိုလ်လည်းဖြစ်၊ ရှမ်းသံတော်ဆင့်၏ အယ်ဒီတာချုပ် ဦးခွန်ဆုုိင်းက ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...