RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွား

RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွား
by -
မဇ္စျိမ
ရှမ်းပြည်နယ် မြောက်ပုုိင်း မန်တုံုမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်နယ်မတော် (RCSS/SSA) တုုိ့အကြား မေလ ၁ ရက်က ပြင်းပြင်းထန်ထန် တုုိက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟုု နှစ်ဖက် ပြောရေးဆုုိခွင့်ရှိသူများက ပြောသည်။

မေလ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်မြောက်ပုုိင်း မုုိင်းဝီးမြို့နယ် ဆုုိင်းလိန်ကျေးရွာအနောက်ဘက်ရှိ RCSS/SSA တပ်ဖွဲ့အား TNLA မှ ထုုိးစစ်ဆင်တုုိက်ခုုိက်ခဲ့သဖြင့် တုုိက်ပွဲ ဖြစ်ပွားခဲ့ရသည်ဟုု RCSS/SSA ဒုုဗုုိလ်မှူးကြီး စိုင်းမိန်းက ပြောသည်။

“တအာင်းတပ်က ကျွန်တော်တုုိ့ကုုိ ပြန်ပြီးတော့ တုုိက်ခုုိက်လာတာ ဖြစ်ပါတယ်။ မုုိင်းဝီးမြို့နယ်မှာပါ။ မနက် ၈ နာရီ ၄၅ မိနစ်ကစပြီးတော့ မုုိင်းဝီးမြို့နယ် ဆုုိင်းလိန်ကျေးရွာအုုပ်စုု ဆုုိင်းလိန်ရဲ့ အနောက်ဘက်မှာ ရှိတဲ့ ကျွန်တော်တုုိ့ရဲ့ တပ်ဖွဲ့ တစ်ဖွဲ့ကုုိ TNLA က စစ်ကြောင်း နှစ်ကြောင်းနဲ့ နှစ်ဖက် ညှပ်ပြီးတော့ ထုုိးစစ်ဆင်တုုိက်ခုုိက်ခဲ့ပါတယ်။ မွန်းလွဲပုုိင်းထိလည်း တုုိက်ပွဲ ဖြစ်တယ်လုုိ့ ကြားသိနေရပါတယ်”ဟုု သူက မဇ္စျိမကို ပြောသည်။

ယခုုတုုိက်ပွဲသည် TNLA ဘက်မှ ၆၀ မမ လက်နက်ကြီးဖြင့် တုုိက်ခုုိက်ပစ်ခတ်၍ ထုုိးစစ်ဆင်တုုိက်ခုုိက်ခဲ့သဖြင့် စီမံချက်ဖြင့် တုုိက်ခုုိက်ခြင်း ဖြစ်သည်ဟုု ယူဆကြောင်း သူက ပြောသည်။

“ကျွန်တော်တိုု့ ဘက်ကတော့ တွေ့ဆုံုဆွေးနွေးရေးအတွက် ကမ်းလှမ်းထားတဲ့အခြေအနေမှာ ရှိတယ်။ ဒီကြားထဲမှာ တွေ့ဆုံု ဆွေးနွေးဖိုု့ လုုိလားသလုုိ၊ TNLA ကုုိ ရန်သူအနေနဲ့ မထားဘူးဆုုိတဲ့အတွက်ကြောင့် တွေ့ဆုံုဆွေးနွေးမှုကိုု လက်ခံတယ်။ ကျနော်တုုိ့ကော်မတီလည်း ဖွဲ့ထားပြီးသားဖြစ်ပါတယ်”ဟုု သူက ပြောသည်။

ယနေ့ မေလ ၁ ရက်တွင် မန်တုံုမြို့နယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တုုိက်ပွဲ သုံုးနေရာဖြစ်ပွားခဲ့ပြီး မန်တုံုမြို့နယ် ဆုုိင်းလိန် ကျေးရွာတွင် ဖြစ်ပွားခဲ့သော တုုိက်ပွဲသည် နံနက် ၈ နာရီခွဲမှ ညနေ မုုိးချုပ်သည်အထိ ဖြစ်ပွားခဲ့ပြီး နမ့်ခမ်းမြို့နယ် လွယ်ဟောမ် ကျေးရွာ အနီးဖြစ်ပွားသော တုုိက်ပွဲသည် မွန်းလွဲ တစ်နာရီတွင် နာရီဝက်ကြာ ဖြစ်ပွားခဲ့ပြီး၊ မုုိင်းဝီးကျေးရွာ အနီးဖြစ်ပွားသော တုုိက်ပွဲသည် နံနက် ၁၁ နာရီမှ ညနေ ရ နာရီထိ တုုိက်ပွဲ ဖြစ်ပွားခဲ့သည်ဟုု TNLA မှ ပြန်ကြားရေးတာဝန်ခံ မုုိင်းအုုိက်ကျော်က ပြောသည်။

“ဒီမနက် ၈ နာရီခွဲကျော်လောက်က စတာ မုုိင်းတုံုမြို့နယ် ဆုုိင်းလိန်အထက်မှာ ဖြစ်တယ်။ ၂၀၁၅ နုုိဝင်ဘာလ တတိယပတ်မှ တုုိက်ပွဲစဖြစ်တယ်။ အဲဒီမှာ မြန်မာ့တပ်မတော်က ကြားကနေ ဝင်ရှင်းတော့ ထုုိးစစ်တော်တော်များတယ်။ ကျွန်တော်တိုု့လည်း အဲဒီ နယ်မြေမှာ ရှောင်သွားတယ်။ အဲဒီမှာ တုုိက်ပွဲ ငြိမ်သွားတယ်။ နောက်ပုုိင်းမှာ RCSS က ပြန်မသွားဘူး။ ကျနော်တုုိ့ လှုပ်ရှားနယ်မြေမှာ စခန်းအခုုိင်အမာဆောက်လုုပ်ပြီး လှုပ်ရှားမှု ပုုိမုုိ ပြုလုုပ်လာတာရှိတယ်တယ်။ အဲဒါကြောင့်မိုု့ နှစ်ဖက် ရင်ဆုုိင်တုုိက်ပွဲ ၃ နေရာဖြစ်တယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

လက်ရှိ တုုိက်ပွဲဖြစ်ပွားသော နယ်မြေများတွင် ယခင်က RCSS အခြေချခြင်းမရှိသော်လည်း ၂၀၁၅ ခုုနှစ် အောက်တုုိဘာလ ၁၅ ရက်က NCA လက်မှတ်ရေးထုုိးပြီးနောက် ၄င်းတုုိ့ နယ်မြေသုုိ့ ကျူးကျော်ဝင်ရောက်လာသဖြင့် တုုိက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟုု သူက ပြောသည်။

ဧပြီလ ၂၃ ရက်ကလည်း UNFC နှင့် ဝ ပြည်သွေးစည်းညွတ်ရေးပါတီ (UWSP)တုုိ့ကုုိလည်း တုုိက်ပွဲဖြစ်ပွားမှုအား ညှိနှိုင်းပေးရန်အတွက် စာရေးသားပေးပုုိ့ ထားသည်ဟုု ဒုုဗုုိလ်မှူးကြီး စုုိင်မိဏ်းက မဇ္စျိမကုုိ ပြောသည်။

“UWSA ကလည်း အကျိုးဆောင်ပေးမယ်ဆုုိတဲ့ စေတနာမျိုးရှိတဲ့ ပုံုစံမျိုးရှိတယ်ဆုုိတာ ကြားသိရတယ်။ ဒါကြောင့် ကျနော်တုုိ့ တွေ့ဆုံုဆွေးနွေးရေးအတွက် သူတိုု့ အကျိုးဆောင်ပေးမယ်ဆုုိရင်လည်း ကျနော်တိုု့ကတော့ လက်ကမ်းကြိုဆုုိပါကြောင်း ပြန်ပြီး အကြောင်းကြားထားတာ ဖြစ်ပါတယ်”ဟုု ဒုုဗုုိလ်မှူးကြီး စုုိင်မိဏ်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုုနှစ် နုုိဝင်ဘာလ ၂၇ ရက်မှစတင်၍ တုုိက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီနောက် နှစ်ဖက် တုုိက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကြားဝင် ညှိနှိုင်းပေးရန်အတွက် ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)က ကြားဝင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုုပ်ခဲ့သော်လည်း ယခုုထိ နေရာနှင့် အချိန်ကုုိ ညှိနှိုင်းနေဆဲ ဖြစ်သည်ဟုု သိရသည်။

၄င်းတုုိ့ တုုိက်ပွဲကြောင့် အုုိးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ပြေးဒုုက္ခသည် ထောင်ချီသည် ယခုုထိ နေရပ်ပြန်နုုိင်ခြင်း မရှိသေးပေ။ TNLA  သည် အခြားလက်နက်ကုုိင် တုုိင်းရင်းသားများနှင့်အတူ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း( NCA )တွင် ယခင်အစုုိးရနှင့် တွေ့ဆုံုဆွေးနွေးမှုတွင် ပါဝင်ခဲ့သော်လည်း အစုုိးရဘက်မှ လက်မခံခဲ့သည့် အဖွဲ့ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...