ရခိုင်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက် ထုတ်ပြန်

ရခိုင်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက် ထုတ်ပြန်
by -
မဇ္စျိမ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဧပြီ ၂၉ ရက် နံနက်က ပြည်နယ်အစိုးရအဖွဲ့ ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ရက် ၁၀၀ စီမံချက်ကို အခြေခံမူ ၅ ချက်ဖြင့် ရေးဆွဲထားပြီး အစိုးရသစ် တက်စဉ်ကတည်းက ဖော်ဆောင်နေမှုများသည်လည်း ယင်းအထဲတွင် ပါ၀င်ပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မဇ္ဈိမကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ လူထုတွေအတွက် သိသာမြင်သာတဲ့ လုပ်ငန်းတွေကို အောင်မြင်အောင် လုပ်သွားပါမယ်။ ရှေ့မှာလုပ်ဆောင်ဖို့ လုပ်ငန်းတွေအတွက် မူဝါဒတွေ ရေးဆွဲထားတာ ရှိပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ လေးလေးနက်နက် ဆွေးနွေးဆုံးဖြတ်ထားတာက မူဝါဒကောင်း တစ်ရပ်ကို ခိုင်ခိုင်မာမာ ရေးဆွဲပြီးတော့ အောင်မြင်အောင် ဆောင်ရွက်မယ် ဆိုတာပါပဲ။ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီပြီးတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ပကတိ လိုအပ်နေတဲ့ အခြေအနေအပေါ်မှာလည်းပဲ စဉ်းစားပြီး ရေးဆွဲထားတဲ့ မူဝါဒဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်၏ လတ်တလော ဖြေရှင်းရမည့် အခြေအနေများနှင့် ပတ်သက်ပြီးလည်း ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ယခုလို ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ််အတွင်းမှာ စစ်ဘေးရှောင်တွေက ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်သုံးခုမှာ ရောက်ရှိနေတာတွေရပါတယ်။ အခုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ တပ်မတော်က စစ်ဆင်ရေးကိစ္စကို ဆောင်ရွက်နေတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် စိုးရွံ့ပြီးတော့ နေရပ်တွေကို စွန့်ခွာလာကြတာဖြစ်ပါတယ်။ သူတို့ မူလအိမ်တွေ၊ ကျေးရွာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြေအနေ ကောင်းမွန်သွားတဲ့အခါမှာ မူလနေရာကိုပဲ ချထားပေးရမှာဖြစ်ပါတယ်။ ကျောက်တော်ဘက်မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့တော့ မတူပါဘူး။ ကျောက်တော်ဘက်မှာ ဒီဇင်ဘာလတုန်းက ဖြစ်ပွားတဲ့အခါ စစ်ဘေးရှောင် မိသားစုတွေ ၆၄ စု တောင် ရှိတယ်။ အဲဒီနေရာတွေက ကျေးရွာတွေမဟုတ်ဘူး။ လုပ်ကိုင် စားသောက်ရင်းနဲ့ နေခဲ့ကြတဲ့နေရာတွေပါ။ ဒါကြောင့်သူတို့ကို မူလကျေးရွာတွေမှာ ပြန်နေရာချထားတာ ဖြစ်ပါတယ်။ အခု စစ်ဘေးရှောင်တွေတော့ သူတို့ရွာတွေကို ပြန်ရမှာဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

ရက် ၁၀၀ စီမံချက်တွင် ရခိုင်ပြည်နယ်၏ ပထမဦးစားပေးများအဖြစ် ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အဓိက ပါ၀င်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်သည် ဧပြီလ ၁ ရက်နေ့တွင် အုပ်ချုပ်မှုအာဏာလွှဲပြောင်းလက်ခံခဲ့သော အစိုးရသစ်အဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုချိန်မှစ၍ ပြည်နယ်အတွင်း စစ်ပွဲများ၊ လူထုဆန္ဒဖော်ထုတ်မှုများနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တောင်းဆိုမှုများ စသည့် စိန်ခေါ်မှုများနှင့် အပြင်းအထန် ရင်ဆိုင်နေရသည်။

ရခိုင်ပြည်နယ် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်က ရခိုင်ပြည်သူလူထုများ၏ ဘဝကို မည်မျှ အာမခံချက်ပေးနိုင်မည်ကိုလည်း တက်ကြွလှုပ်ရှားသူများက စောင့်ကြည့်နေကြသည်ဟု ရခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသများအဖွဲ့ - ဥက္ကဋ္ဌ ဒေါ်ကျော့မေက “သူတို့ကတော့ ကတိကဝတ်ပြုကြပါတယ်။ ကျမတို့ကတော့ စောင့်ကြည့်သွားမယ်။ တကယ်လို့ ပြောတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး ဆိုရင် ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ရပ်တည်ပြီး အစိုးရသစ်ကို တွန်းအားပေးတောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု မဇ္စျိမကို ပြောကြားခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...