အမေရိကန်သံရုံးရှေ့ဆန္ဒပြမှု ဦးဆောင်သူများကို ပုဒ်မ ၁၉ဖြင့်အရေးယူမည်

အမေရိကန်သံရုံးရှေ့ဆန္ဒပြမှု ဦးဆောင်သူများကို ပုဒ်မ ၁၉ဖြင့်အရေးယူမည်
by -
မဇ္စျိမ
စက်လှေမှောက်သူများကို ရိုဟင်ဂျာဟုသုံးနှုန်းခဲ့သည့်အပေါ် မကျေနပ်၍ အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုတွင် ဦးဆောင်သူများကို ပုဒ်မ ၁၉ဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

စစ်တွေမြို့ သဲချောင်းအနီးတွင် စက်လှေတိမ်းမှောက်မှုအား ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံသုံရုံး၏ ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာဟု ထည့်သွင်းဖော်ပြသဖြင့် ယနေ့ ဧပြီ ၂၈ ရက်တွင်နေ့လည် ၁ နာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

" ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉အရ သတ်မှတ်ထားတဲ့ ခွင့်ပြုထားတဲ့နေရာမှာ မလုပ်တဲ့အတွက် ၁၉နဲ့ ငြိစွန်း ပါတယ်။ အဲဒီအတွက်အရေးယူရမှာ ဖြစ်ပါတယ်"ဟု ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ဧပြီ ၂၈ရက်နေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံအရှေ့မှစတင်ကာ အမေရိကန်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာသို့ တရားဝင်ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ကမာရွတ်မြို့နယ် ရဲစခန်းမှ ခွင့်ပြုမိန့်ပေးခြင်းမရှိပဲ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌သာ ခွင့်ပြုမိန့်ချပေးခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုမိန့်တောင်းခံရာတွင် မြန်မာအမျိုးသားကွန်ရက် ကိုဝင်းကိုကိုလတ်ပါ လူ(၃၀၀)ဦးဟု တောင်းခံထားခြင်း ဖြစ်ပြီး၊ ဆန္ဒပြပွဲကို မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ ကိုနောင်တော်လေးအပါအဝင် မျိုးချစ် ရဟန်းတော်များ သမဂ္ဂမှ ဆရာတော်များက ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆန္ဒပြပွဲသို့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဦးရသူမှလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် " အမေရိကန် အစိုးရ - (၄၂၀)အစိုးရ၊ အမေရိကန် သံရုံး - (၄၂၀) သံရုံးစသည့် ကြွေးကြော်သံများပါ ပါ၀င်သည်ကိုတွေ့ရသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...